သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-28
လားရှိုးမြို့နယ်ထဲမှာ အောက်တိုဘာလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကိုးကန့် (MNDAA) ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် မြို့ပေါ်ကိုထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည် ၁၅၀၀ ဝန်းကျင်ရှိနေတယ်လို့ ပြောပါတယ်။
2023-10-28
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အောက်တိုဘာ ၂၇ ရက်ကစပြီး ဒေသခံ ငါးရာနီးပါး မိုးကုတ်မြို့ပေါ်ကို ထွက်ပြေးလာကြရတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
2023-10-28
ရှမ်းပြည် မြောက်ပိုင်း၊ သိန္နီမြို့အဝင်မှာ အောက်တိုဘာ ၂၈ ရက် မနက် ၁၁ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲ ဆက်ပြင်းထန်နေပြီး စစ်တပ်ဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။
2023-10-28
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ရွာတွေကို အောက်တိုဘာ ၂၇ ရက်ညက စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ဒေသခံ ခုနစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-10-28
၁၀၂၇ စစ်ဆင်ရေး ပထမနေ့က TNLA ရဲ့ တပ်မဟာ (၁) နဲ့ တပ်မဟာ (၆) ဒေသမှာ စစ်ကောင်စီတပ်စခန်း ငါးခုသိမ်းနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ သတင်းထုတ်ပြန်ပါတယ်။
2023-10-28
စစ်အာဏာသိမ်းနှစ်နှစ်ခွဲကျော်အတွင်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ခုနစ်သောင်းခွဲလောက် ရှိနေပြီလို့ UNOCHA အပါအဝင် လွတ်လပ်တဲ့ သုတေသနအဖွဲ့တွေက စက်တင်ဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပါတယ်။
2023-10-28
ညမထွက်ရ အချိန်တစ်ခုကိုပဲ ပြောင်းလဲပြင်ဆင်တာဖြစ်ပြီး လူငါးဦးထက်ပိုပြီး စုဝေးခွင့်မပြုတာ၊ ဆန္ဒပြ ဟောပြော စည်းရုံးတာတွေကိုတော့ စစ်ကောင်စီရဲ့ မြို့နယ်ရုံးတွေက ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။
2023-10-27
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အရေးပေါ်အခြေအနေ ကြေညာပြီး စစ်အာဏာသိမ်းခဲ့တာ အခု ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ဆိုရင် ရက်တစ်ထောင်ပြည့်ပြီ ဖြစ်ပါတယ်။
2023-10-27
မြန်မာပြည် ငြိမ်းချမ်းရေးပြန်ရဖို့ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် လာအိုနိုင်ငံရဲ့ ဦးဆောင်မှုအောက်မှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အာဆီယံ အထွေထွေအတွင်းရေးမှူး ကအို ကင်မ် ဟောင် (Kao Kim Hourn) က ပြောလိုက်ပါတယ်။
2023-10-27
နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီ ဖြတ်တောက်နိုင်ဖို့၊ စစ်လက်နက်ပစ္စည်းစီးဆင်းမှုတွေ ရပ်တန့်နိုင်ဖို့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေက အလေးထားတောင်းဆိုနေကြတဲ့အကြောင်းနဲ့ နိုင်ငံတကာဖိအားတွေကြား စစ်ကောင်စီ ကြုံနေရတဲ့ အကျပ်အတည်းတွေကို ဆွေးနွေးထားပါတယ်။
2023-10-27
စစ်ကောင်စီနဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့အကြား စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်လို့ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က တိုက်တွန်းလိုက်ပါတယ်။
2023-10-27
ရန်ကုန်မြို့မှာ ရုံးခန်းဖွင့်လှစ်ပြီး ပြည်ပနိုင်ငံသားတွေရဲ့ အချက်အလက်ရှာဖွေစုဆောင်းကာ ငွေကြေးလိမ်လည်နေသူ ၉၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၂၇ ရက်နေ့ညက ကြေညာပါတယ်။
2023-10-27
ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်မှာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေကြောင့် အရပ်သား ငါးဦး သေဆုံးခဲ့ပါတယ်။
2023-10-27
“Made in Myanmar တကယ်ရှိတယ်ဆိုတာကို ကမ္ဘာကရော မြန်မာက နောက်လူ နောက်သားတွေရော သိစေချင်တယ်”
2023-10-27
လိုင်ဇာမြို့အနီးက မုန်လိုင်ခက် ဒုက္ခသည်စခန်းနဲ့ ကျေးရွာမှာ နေထိုင်သူကင်းမဲ့သွားပြီး အပျက်အစီးတွေသာ မြင်တွေ့ရပါတယ်။