သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-29
မဏ္ဍိုင် ၃ ရပ် ထိန်းကျောင်းမှုအားနည်းလို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ဒီနေ့ ပြောလိုက်ပါတယ်။
2018-10-29
ရန်ကုန်-မန္တလေး အမြန်လမ်းမ ၃၉ မိုင်နားမှာ အမိမဲ့ဆင်လေးတွေကို စောင့်ရှောင့်ထားတဲ့ ဝင်္ဂဘော် ဆင်စခန်းရှိပါတယ်။ အဲဒီ အမိမဲ့ ဆင်လေးတွေထဲမှာ ဆင်မုဆိုးတွေကြောင့် မိခင်ဆုံးရှုံးခဲ့ရတဲ့ ဆင်လေးတွေလည် းရှိပါတယ်။
2018-10-29
မန္တလေးတိုင်းဝန်ကြီးချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဦးလွင်မြို့နယ်မှာ မနေ့က မဲဆွယ်စည်းရုံးရာမှာ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှုတွေရှိကြောင်း ပြောကြား ခဲ့ပါတယ်။
2018-10-29
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ AA TNLA MNDAA တို့ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ တို့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
2018-10-29
ဒီနှစ် ဧပြီလကနေ စက်တင်ဘာလအထိ မြန်မာနဲ့ ဗီယက်နမ်ကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၃၆၂ သန်းဖိုး ရှိခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
2018-10-28
ကချင်ပြည်နယ် ဖားကန့်ဒေသက ရေမဆေးသမားတွေအရေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီး မှုတွေကို ဖြေရှင်းဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၃ ဦးနဲ့ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေ ဆွေးနွေးပွဲ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
2018-10-28
မြေယာ လုပ်ပိုင်ခွင့် ပုံစံ ၇ ရရှိဖို့အတွက် ငွေကြေးသိန်းနဲ့ချီပြီး ပေးနေရတာတွေရှိတယ်ဆိုတာ သိထားကြောင်းနဲ့ နစ်နာသူတွေအနေနဲ့ တိုင်ကြားဖို့လိုအပ်ကြောင်း မန္တလေးတိုင်းဝန် ကြီးချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က မနေ့က ပြောလိုက်ပါတယ်။
2018-10-28
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဘန်းချောင်းဒေသမှာ ကျောက်မီးသွေးတူးဖော်နေတဲ့ East Star ကုမ္ပဏီက ဆိုလာပြားတွေ ပျောက်တဲ့ကိစ္စမှာ တရားခံမပေါ်လို့ဆိုပြီး ဒေသခံရွာသား ၃ ဦးကို အမှတ် ၄၀၅ တပ်ရင်းက ခေါ်ယူထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
2018-10-28
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးဟာ နှစ်လခွဲသာရှိသေးတဲ့ သူ့ရဲ့တစ်ဦးတည်းသော သမီးဖြစ်သူနဲ့ မနေ့က အင်းစိန်ထောင်မှာ နာရီဝက်ကြာ တွေ့ခွင့်ရခဲ့တယ်လို့ သိရပါတယ်။
2018-10-28
ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် အသင့်နေထိုင်နိုင်တဲ့ နေအိမ်အလုံးတစ်ထောင်ကို တရုတ်အစိုးရက မနေ့က မြန်မာအစိုးရကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
2018-10-28
လတ်တလောကျင်းပမယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲတွေမှာ KNU ကရင်အမျိုးသားအစည်းအရုံးက ပါဝင်မှု ယာယီရပ်ဆိုင်းထားကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့လိုက်ပါတယ်။
2018-10-28
မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့နဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ငြိမ်းချမ်းရေးကော်မရှင်က ဖိတ်ကြားလိုက်ပါတယ်။
2018-10-28
၂ဝ၁၈ အောက်တိုဘာလ ၂၇ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲနဲ့ မြန်မာ့နိုင်ငံရေး အကျိုးဆက်တွေ အကြောင်း " ကို ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ မြန်မာနိုင်ငံရေးလေ့လာသူ ဒေါက်တာ တင်မောင်သန်း၊ သတင်းစာဆရာ ဆရာ ချစ်ဝင်းမောင်နဲ့ Equality Myanmar က အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့ို့ို့ ဖြစ်ပါတယ်။
2018-10-28
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူ သွား လမ်းပေါ်က အီနိုင်းကျေးရွာအုပ်စု မန်ပြိန်းကျေးရွာမှာ အောက်တိုဘာလ ၂၆ ရက်နေ့ညနေပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် မန်းြပိန်းကျေးရွာအပါအဝင် အနီးအနားရွာတွေက ရွာသား ငါးရာလောက်ဟာ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
2018-10-27
တရုတ် - မြန်မာနယ်စပ် တစ်လျှောက် KIO/ KIA ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီးမှာ အောက်တိုဘာ ၂၆ ရက်နေ့က တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။