ငါးလအတွင်း မြန်မာနဲ့ ဗီယက်နမ် ကန်ဒေါ်လာ ၃၆၂ သန်းဖိုး ကုန်သွယ်ခဲ့


2018.10.29
vietnam-myanmar-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဗီယက်နမ်သမ္မတကို ဟနွိုင်းမြို့မှာ ၂၀၁၈ စက်တင်ဘာလ ၂၃ ရက်နေ့ကကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာတွေ့ရစဉ်
Photo: Kham/Pool Photo via AP

ဒီနှစ် ဧပြီလကနေ စက်တင်ဘာလအထိ မြန်မာနဲ့ ဗီယက်နမ်ကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၃၆၂ သန်းဖိုး ရှိခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ကို ၂၀၁၈- ၂၀၁၉ ကစပြီး မူလ ဧပြီလ ကနေ - မတ်လ အစား၊ အောက်တိုဘာကနေ စက်တင်ဘာလ အထိ ပြောင်းလဲသတ်မှတ်ထားပါတယ်။ ပထမ ၆ လ က အသွင်ကူးပြောင်းရေးကာလ ဖြစ်ပါတယ်။

မြန်မာကနေ ဗီယက်နမ်ကို အဓိက တင်ပို့နေတာတွေက ဓါတ်သတ္တု၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေထွက် ပစ္စည်းတွေဖြစ်ပြီး၊ ဗီယက်နမ်ဆီကနေ မော်တော်ကားအပိုပစ္စည်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ သံမဏိ၊ ပလပ်စတစ်၊ ဆေးဝါးနဲ့ ဓါတုဗေဒ ပစ္စည်းတွေ တင်သွင်းနေပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။