သတင်းထောက် ကိုဝလုံး သမီးဖြစ်သူနဲ့ ပထမဆုံးအကြိမ် တွေ့ခွင့်ရ

ကိုဝလုံးရဲ့ ဇနီးသည် မပန်းအိမွန်နဲ့ သမီးဖြစ်သူ သက်ထား Angel ကို တွေ့ရစဉ်
ကိုဝလုံးရဲ့ ဇနီးသည် မပန်းအိမွန်နဲ့ သမီးဖြစ်သူ သက်ထား Angel ကို တွေ့ရစဉ် (Photo: REUTERS)

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးဟာ နှစ်လခွဲသာရှိသေးတဲ့ သူ့ရဲ့တစ်ဦးတည်းသော သမီးဖြစ်သူနဲ့ မနေ့က အင်းစိန်ထောင်မှာ နာရီဝက်ကြာ တွေ့ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ကိုဝလုံးက မိသားစုတွေ အတူတူပြန်နေခွင့်ရဖို့ အမြဲဆုတောင်းနေကြောင်း ဇနီးဖြစ်သူ မပန်းအိက ပြောပါတယ်။

သမီးဖြစ်သူအတွက် သူကိုယ်တိုင်ထောင်ထဲမှာ ပြုလုပ်ထားတဲ့ ပန်းစည်းလေးကို ပေးလိုက်ကြောင်းနဲ့ ကျန်းမာရေး ကိုဂရုစိုက်ဖို့ မှာကြားလိုက်တယ်လို့ ဇနီးဖြစ်သူ မပန်းအိက ပြောပါတယ်။

မိသားစုဝင်တွေဟာ တစ်ပတ်မှာတစ်ရက် ထောင်ဝင်စာတွေ့ခွင့်ရပြီး သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။ ကိုဝလုံးဟာ ဇနီးသည် ကိုယ်ဝန်ရှိကြောင်းကို သူအဖမ်းခံရပြီးမှ သိရှိခဲ့ ရတာဖြစ်ပါတယ်။