သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-26
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်း တွင်းဒေသ၊ လုံးခင်းကျေးရွာမှာ ရှိတဲ့ ကေအိုင်အေ တပ်ရင်း ၆ အခြေစိုက်ရာ ကံစီးကျေးရွာက ဓမ္မနန္ဒာဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်ထဲက ကလေး၊ လူကြီးအယောက် ၅၀ ကျော်ဟာ ဝက်သက်နဲ့ ဖျားနာမှုတွေရှိနေတဲ့အတွက် လုံးခင်းကျေးရွာ NLD ပါတီဝင်တွေက အဲဒီ့ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက်ပြီး ဆေးဝါးကုသပေးခဲ့သလို အာလူး၊ ကြက်သွန်၊ ငါးခြောက် စတဲ့ တာရှည်ခံ စားသောက် ကုန်အချို့ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
2013-01-25
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ဦးဣန္ဒာစာရ ဆိုတဲ့ သံဃာတစ်ပါးကို လက်နက်တွေ၊ ကျည်ဆန်တွေနဲ့ မူးယစ်ဆေးဝါးတွေ နဲ့အတူ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ တယ်လို့ သိရပါတယ်။
2013-01-25
အစိုးရတပ်ဖွဲ့များအနေနဲ့ KIO ကို ထိုးစစ်ဆင်ခြင်း မပြုဘဲ မိမိကိုယ် ခုခံကာကွယ်ရေးအတွက် သာ ဆောင်ရွက်နေတယ်လို့ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်ရဲ့ ပြောဆိုချက် ကို KIO ကချင် လွတ်မြောက်ရေးအဖွဲ့က ကန့်ကွက်လိုက်ပါတယ်။
2013-01-25
မြို့နယ်ပေါင်း ၄၀ ကျော် က ပြည်သူလူထုရဲ့ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေနဲ့ အမြင်သဘောထားတွေကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF က စစ်တမ်းကောက်ယူနေတယ်လို့ သတင်းရရှိပါတယ်။
2013-01-25
ရခိုင်ပြည်နယ် မောင်တောနယ်စပ် ဗန္ဓုလ န.စ.က နယ်မြေအပိုင် နယ်ခြားမှတ်တိုင်အမှတ် ၄၉ နဲ့ ၅၀ ကြားမှာ မနေ့ ဇန်နဝါရီလ ၂၄ ရက်က ညနေ ၅ နာရီလောက်အချိန်မှာ လုပ်ငန်းခွင်ထဲမှာ ရှိနေတဲ့ အစိုးရ GE ဆောက်လုပ်ရေးတပ်ဖွဲ့ပိုင် ကားတစ်စီးကို မူဆလင် လက်နက်ကိုင် အကြမ်းဖက်သမားတွေလို့ ဒေသခံအာဏာပိုင်တွေက ယူဆထားသူတစ်စုက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီး သွားခဲ့ပါတယ်။
2013-01-25
အလုပ်သမားကိုယ်စားလှယ် ၇ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်ထုတ်ခဲ့တဲ့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ တော်ဝင်မြန်မာ ဇာပန်းထိုးစက်ရုံမှာ မနေ့က နောက်ထပ် အလုပ်သမားကိုယ်စားလှယ်တစ်ဦးကိုလည်း အလုပ်ရှင်က ထပ်ပြီး အလုပ်ထုတ်လိုက်တယ်လို့ သိရပါတယ်။
2013-01-25
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသူတွေဟာ ဒီကနေ့ မနက်မှာတော့ ဒိုက်ဦးမြို့၊ ပြည်လုံး ချမ်းသာစေတီမှာ ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူဖို့အတွက် ပန္နက် ရိုက်ခဲ့ကြပါတယ်။
2013-01-25
မြန်မာနိုင်ငံပြည်သူတွေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းတွေ မှာ စိတ်ပါဝင်စားလာဖို့ ရည်ရွယ်ချက်နဲ့ Green Bike Green Future အဖွဲ့ဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အနေနဲ့ ရန်ကုန်မြို့ကနေ ထားဝယ်မြို့အထိ ၁၀ ရက်ကြာ စက်ဘီးစီးခရီးစဉ်ကို ဒီကနေ့ မနက်ပိုင်းက စတင် ထွက်ခွာသွားပါတယ်။
2013-01-25
KIA ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ က သူတို့စစ်သုံ့ပန်းအဖြစ် ဖမ်းမိထိန်းသိမ်းထားခဲ့တဲ့ မြန်မာအစိုးရ တပ်ဖွဲ့ဝင် ကလေးစစ်သား ၈ ဦး ကို ပြန်လွှတ်ပေးလိုက်ကြောင်းနဲ့ ဒီကိစ္စမှာ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် က အစိုးရနဲ့ KIA အကြား ဆက်သွယ်ဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန်မြို့ ILO ရုံး၊ ဆက်ဆံရေးအရာရှိ Mr. Steve Marshall က ကြာသပတေးနေ့ မနေ့က ထုတ်ဖေါ်ပြောဆိုပါတယ်။
2013-01-25
မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ် စဉ်တွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်မှသာ မိမိတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောဆိုလိုက်ပါတယ်။
2013-01-24
ဇေကမ္ဘာကုမ္ပဏီနဲ့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမားတွေအကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ စက်မှုဇုန် ၄ က လယ်ယာမြေ ကန်သင်းတွေကို မနေ့က ဇေကမ္ဘာ ကုမ္ပဏီ ဘက်ကလူတွေ ဝင်ရောက်ဖျက်ဆီး ခဲ့တဲ့အတွက် လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူတွေအကြား ထိပ်တိုက်တွေ့ဆုံ မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။
2013-01-24
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အတွက် လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံ ကို ငွေလွှဲနိုင်တော့မယ်လို့ ဂျပန် Seven ဘဏ်က ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံ ကို ငွေလွှဲရင် တစ်ကြိမ်ကို ဂျပန်ယန်းငွေ ၅ သိန်း အထိ လွှဲနိုင်တယ်လို့ ဆိုပါတယ်။
2013-01-24
KIO ဌါနချုပ်ရှိတဲ့ လိုင်ဇာမြို့ အနောက်ဖက်က ခါယာဘွမ်တောင်ကို အစိုးရတပ်တွေက ဇန်နဝါရီလ ၂၄ ရက်နေ့ ဒီနေ့ နေ့လည် ၁ နာရီ ကျော်ကနေစပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေတယ်လို့ ကေအိုင်အို က ပြောပါတယ်။
2013-01-24
အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ အမေရိကန် ပြည်ထောင်စု နဲ့ တောင်ကိုးရီးယား နိုင်ငံတွေကို ဇန်နဝါရီလ ၂၄ရက် ဒီကနေ့မှာ စတင်ထွက်ခွာသွားပြီး၊သူမဟာ လာမယ့် ဇန်နဝါရီလ ၂၆ ရက်နေ့ အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီကျွန်းကဟိုနိုလူလူမြို့မှာ ကျင်းပမယ့် နိုင်ငံတကာ ရိုတရီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ “Rotary Global Peace Forum” မှာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
2013-01-24
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် အကောင် အထည်ဖော်နေတဲ့ နေရာတွေနား က လျော်ကြေးမပေးရသေးတဲ့ ဥယျာဉ်ခြံမြေတွေကို လုပ်ငန်းအကောင်အထည်ဖေါ်နေတဲ့ ကုမ္ပဏီတွေက ဝင်ရောက် မီးရှို့ဖျက်ဆီးနေတာကို ဇန်နဝါရီလ ၂၄ ရက်နေ့ ဒီကနေ့ မှာ ဥယျာဉ်ခြံ ပိုင်ရှင် ၁၅၀ လောက်က သွားရောက် တားဆီးခဲ့ကြရာမှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။