မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေ မှာ ပြည်သူတွေပါဝင်မှ ပန်းတိုင်ရောက်မည်

မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ် စဉ်တွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်မှသာ မိမိတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောဆိုလိုက်ပါတယ်။

2013.01.25
88-pegu-trip-305 ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ တို့ကို ပဲခူးတိုင်း စာပေဟောပြောပွဲ ခရီးစဉ်တွင် တွေ့ရပုံ
Photo: RFA/Kyaw Htoon Naing

မနေ့ညပိုင်းက ပဲခူးမြို့၊ ပညာဒီပကတိုက်ကျောင်း၊ ဒက္ခိဏသာခါရာမ စာသင်တိုက်မှာ စေတနာအလင်းအိမ် ပညာဒါနသင်တန်းကျောင်းက ဦးစီးကျင်းပတဲ့ ဒုတိယအကြိမ် စာပေဟောပြောပွဲ အခမ်းအနားမှာ ကိုမင်းကိုနိုင် က အခုလိုပြောကြားခဲ့တာပါ။

အခမ်းအနားမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ တို့က မြန်မာ့ပညာရေးစနစ်နဲ့ ပတ်သက်တာတွေကို အဓိကထား ဟောပြောခဲ့ပြီး ပဲခူးမြို့က ကဗျာဆရာ ခရမ်းပြာထက်လူက ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင် တို့ကို ဂုဏ်ပြုထားတဲ့ ကဗျာတွေကို ဖတ်ကြားခဲ့ပါတယ်။

ပဲခူးမြို့က စာပေဟောပြောပွဲကို ပရိသတ် ၁ဝဝဝ ခန့် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။