သဘာဝပတ်ဝန်းကျင် ပညာပေး စက်ဘီးစီးခရီးစဉ် ထွက်ခွာ

မြန်မာနိုင်ငံပြည်သူတွေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းတွေ မှာ စိတ်ပါဝင်စားလာဖို့ ရည်ရွယ်ချက်နဲ့ Green Bike Green Future အဖွဲ့ဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အနေနဲ့ ရန်ကုန်မြို့ကနေ ထားဝယ်မြို့အထိ ၁၀ ရက်ကြာ စက်ဘီးစီးခရီးစဉ်ကို ဒီကနေ့ မနက်ပိုင်းက စတင် ထွက်ခွာသွားပါတယ်။

2013.01.25
bicycle_305.jpg သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အသိပညာပေးလုပ်ငန်းတွေမှာ စိတ်ဝင်စားဖို့အတွက် Green Bike Green Future အဖွဲ့ဟာ ရန်ကုန်မြို့ကနေ ထားဝယ်မြို့အထိ ၁၀ ရက်ကြာ စက်ဘီးစီးခရီးစဉ်ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်-ထားဝယ် စက်ဘီးစီးခရီးစဉ်နဲ့ ပတ်သက်ပြီး Green Bike Green Future အဖွဲ့ခေါင်းဆောင် ကိုသက်နိုင်ဦး က RFA ကို အခုလိုပြောပါတယ်။

"အခု လောလောဆယ်တော့ လမ်းတစ်လျှောက်မှာ စက်ဘီးစီးခြင်းနဲ့ ပတ်သက်တဲ့ စာအုပ်လေးတွေ ဝေသွားတယ်၊ စက်မှုနဲ့ ပတ်သက်တဲ့ စာအုပ်လေးတွေ ဝေသွားတယ်၊ ထားဝယ်ကို သွားဖြစ်တယ်ဆိုတာ ဟိုမှာသဘာဝပတ်ဝန်းကျင် လုပ်နေတဲ့အဖွဲ့တွေနဲ့သွားပြီး ပူးပေါင်းဆောင်ရွက်တဲ့ သဘောပေါ့"

ဒီအဖွဲ့ဟာ စက်ဘီးစီးခြင်းရဲ့အကျိုးနဲ့ စက်မှုညစ်ညမ်းမှုနဲ့ ပတ်သက်တဲ့ အသိပညာပေးစာအုပ်တွေကို လမ်းတစ်လျှောက် ဝေပေးသွားမယ်လို့ သိရပါတယ်။

ရန်ကုန်ကနေ မွန်ပြည်နယ်ကို အဖွဲ့ဝင် ၁၀ ယောက်နဲ့ ထွက်ခွာလာတာဖြစ်ပြီး မွန်ပြည်နယ်က စက်ဘီးစီး ဝါသနာရှင် ၇ ဦးနဲ့ ထပ်မံပူးပေါင်းပြီး မွန်ပြည်နယ်ကနေ ထားဝယ်မြို့အထိ တစ်ရက်ကို မိုင် ၁၀၀ နှုန်းနဲ့ သွားရောက်မှာ ဖြစ်ပါတယ်။

Green Bike Green Future အဖွဲ့ရဲ့ ယခုခရီးစဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ပထမအကြိမ်တုန်းက ရန်ကုန်-ပြည် စက်ဘီးစီးခရီးစဉ်ကို သွားရောက်ခဲ့ပြီး လမ်းတစ်လျှောက်မှာ သုံးစွဲခဲ့တဲ့ ကုန်ကျစရိတ်တွေကို အဖွဲ့ဝင်တွေက စုပေါင်းကျခံပါတယ်။

လမ်းမှာ သဘာဝပတ်ဝန်းကျင်လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ စေတနာရှင်တွေက လှူဒါန်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။