လိုင်ဇာအနီး ခါယာဘွမ် တောင်ကုန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်

KIO ဌါနချုပ်ရှိတဲ့ လိုင်ဇာမြို့ အနောက်ဖက်က ခါယာဘွမ်တောင်ကို အစိုးရတပ်တွေက ဇန်နဝါရီလ ၂၄ ရက်နေ့ ဒီနေ့ နေ့လည် ၁ နာရီ ကျော်ကနေစပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေတယ်လို့ ကေအိုင်အို က ပြောပါတယ်။

2013.01.24
laiza_kia_305.jpg စစ်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ်က ကေအိုင်အေ စခန်းတစ်ခုပုံ
Photo: RFA

ဒီကနေ့ အစိုးရတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး အရေအတွက်ဟာ အခုရက်ပိုင်းအတွင်း အများဆုံး စံချိန်တင်ရမှာဖြစ်တယ်လို့ ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်း က ပြောပါတယ်။

ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့  ABSDF မြောက်ပိုင်းတပ်ဖွဲ့တွေကို မေးကြည့်တော့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမင်းဌေး က ဒီနေ့ တိုက်ပွဲအကြောင်း ပြောသလို၊ အစိုးရစစ်တပ်က အင်အားဖြည့်ထားတယ်လို့ သတင်းတွေရထားတဲ့ အကြောင်းလဲ ကိုမင်းဌေးက ပြောပါတယ်။
လဂျားယန်ဒေသမှာ အစိုးရတပ်တွေ အပစ်ရပ်ထားမယ်လို့ သမ္မတရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ကြေညာခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပါတယ်။

သမ္မတ ဦးသိန်းစိန်က ထိုးစစ်တွေ ရပ်နားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က တပ်မတော်ကို ညွှန်ကြားခဲ့ပေမယ့် ကချင်ဒေသမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ် ဘယ်သူက သြဇာပိုရှိနေသလဲဆိုပြီး ပေါ်ထွက်လာတဲ့ သုံးသပ်ချက်တွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA သတင်းထောက် မသူဇာက ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။