သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-07
ပါတီရဲ့ သဘောထားထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်က ဆင့်ခေါ်စာပေးပို့ထားပြီး ဒီကိစ္စအပေါ် ပါတီတွင်း ဆွေးနွေးနေတယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။
2022-10-07
RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သားပြည်သူ ၅ဝ ကျော် သေဆုံးပြီး ၁၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2022-10-07
မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ စက်တင်ဘာ ၃၀ ရက်ထိ လပေါင်း ၂၀ အတွင်း အမျိုးသမီး ၃၀၇ ဦးသေဆုံးခဲ့ပြီး ၂၄၇၂ ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပါတယ်။
2022-10-07
မြန်မာနိုင်ငံ သတင်းမီဒီယာလောကမှာ လူသိများသလို ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ သတင်းသုံးသပ်ချက်တွေ ရေးသားနေတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ဟာ အင်စိန်ထောင် အထူးတရားရုံးက အောက်တိုဘာ ၇ ရက် ဒီနေ့မှာ အစိုးရဝန်ထမ်းတွေအပေါ် ပြစ်မှုကျူးလွန်လာအောင် လှုံ့ဆော်မှု၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က) နဲ့ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံလိုက်ရတယ်လို့ မိသားစုဝင်တွေနဲ့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2022-10-07
သူတို့ဟာ စစ်တပ်က အာဏာသိမ်းပြီး လေးရက်အကြာ မန္တလေးမြို့မှာ ဒေါက်တာတေဇာဆန်းအပါအဝင် ဆန္ဒပြသူ ၂၀ ထဲမှာ ပါဝင်ခဲ့သူတွေဖြစ်ပြီး အိုးဘိုထောင်တရားရုံးမှာ ပြီးခဲ့တဲ့ မေလက ထောင်ဒဏ် တစ်နှစ်နဲ့ ကိုးလ အမိန့်ချမှတ်ခံခဲ့ရတာပါ။
2022-10-07
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေရဲ့ နေအိမ် ခုနစ်လုံး ချိပ်ပိတ်ခံထားရပါတယ်။
2022-10-07
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာက ဒေသခံတွေကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေတာကြောင့် ဒီနေ့မနက်ပိုင်းအထိ ရွာရဲ့ မင်းကျောင်းဘုန်းကြီးကျောင်းထဲမှာ ထိန်းသိမ်းခံထားရသူဟာ လူ ၄၀၀ လောက်အထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-07
မြေရှားသတ္တုကို တရုတ်ကုမ္ပဏီအများအပြား ကချင်ဒေသမှာ လာရောက်တူးဖော်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရုံမက လူ့ကျန်းမာရေးနဲ့ တိရစ္ဆန်တွေကိုပါ ထိခိုက်နေပါတယ်။
2022-10-06
စစ်ကောင်စီ တပ်သားတွေဟာ စစ်ကိုင်းက ခုခံမှုတွေကိုတန်ပြန်စစ်ဆင်တဲ့အနေနဲ့ မြေလှန်မီးရှို့စနစ်ကို ကျင့်သုံးနေပြီး အခုဆိုရင် အိမ်ပေါင် းနှစ်သောင်းကျော် မီးရှို့ခံရပြီး ဖြစ်ပါတယ်။ လူပေါင်း ၅၀၀ လောက် အသတ်ခံရပြီးလည်း ဖြစ်ပါတယ်။
2022-10-06
CDM ဆရာဝန် ဗိုလ်ကြီးမင်းမောင်မောင်ကလည်း ဗိုလ်မှူး မျိုးမင်းထွန်းဟာ သြစတေးလျကို ရောက်ရှိသွားတဲ့ အရာရှိစစ်သည်တွေပို့ပေးလိုက်တဲ့ငွေကြေးတွေကို သူကိုယ်တိုင် သုံးစွဲသွားသူတစ်ဦးဖြစ်ပါလျက် အခုလို လိမ်ညာပြောဆိုတာဟာ အင်မတန်ရွံရှာဖွယ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
2022-10-06
ဒီလူ ပုဂ္ဂိုလ်တွေသုံးဦးနဲ့ DYNASTY INTERNATIONAL ကုမ္ပဏီလီမိတက်တို့ဟာ မြန်မာစစ်တပ်အတွက် လက်နက်တွေ ဝယ်ယူဖို့ ဝန်ဆောင်မှုပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က စစ်တပ်က အာဏာသိမ်းရာမှာ ပါဝင်ကူညီခဲ့တဲ့ အတွက် အခုလိုထည့်သွင်းလိုက်တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။
2022-10-06
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အရေးပေါ်ကြေညာချက်ကို ချက်ချင်းပြန်ရုတ်သိမ်းပြီး အရပ်သားအစိုးရ လွှတ်တော်ပြန်ခေါ်ရေး ဖိအားပေးဖို့ကိုလည်း မြန်မာ့အရေးဆုံးဖြတ်ချက်ထဲမှာ ထည့်ထားပါတယ်။
2022-10-06
ဗုံးကြဲခံရတဲ့ မဲ့ကသာရွာဟာ ကရင်လွတ်မြောက်ရေးတပ် KNLA ထိန်းချုပ်နယ်မြေမှာရှိပြီး ဘုရားသုံးဆူနယ်စပ်ဂိတ်နဲ့ ၇ မိုင် ကျော်လောက်အကွာ ထိုင်းနိုင်ငံ ဆန်ခလာ့ဘူရီ မြို့နယ်နဲ့ နယ်ချင်းဆက်နေပါတယ်။
2022-10-06
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အရေးပေါ်ကြေညာချက်ကို ချက်ချင်းပြန်ရုပ်သိမ်းပြီး အရပ်သားအစိုးရလွှတ်တော်ပြန်ခေါ်ရေး ဖိအားပေးဖို့ကိုလည်း အီးယူပါလီမန်ရဲ့ ဆုံးဖြတ်ချက်ထဲမှာ ထည့်ထားပါတယ်။
2022-10-06
အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေဟာ အခုနောက်ပိုင်းမှာ စစ်တပ် ထိပ်တန်းအရာရှိဟောင်းတွေ၊ စစ်ကောင်စီနဲ့ ပတ်သက် ဆက်စပ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ ပိုလုပ်ဆောင်လာပါတယ်။