စစ်တပ်ကို ကျောထောက်နောက်ခံပေးနေတဲ့ ရုရှားနဲ့တရုတ်ကို အီးယူပါလီမန် ရှုတ်ချ

2022.10.06
စစ်တပ်ကို ကျောထောက်နောက်ခံပေးနေတဲ့ ရုရှားနဲ့တရုတ်ကို အီးယူပါလီမန် ရှုတ်ချ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် အီးယူပါလီမန်အစည်းအဝေး။
Photo : Reuters
မြန်မာစစ်တပ်ကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနည်းအရ ကျောထောက်နောက်ခံပေးနေတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ဥရောပသမဂ္ဂ လွှတ်တော်(အီးယူပါလီမန်)က ပြောလိုက်ပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို နောက်ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့လည်း အောက်တိုဘာ ၆ ရက် ဒီကနေ့ အတည်ပြုလိုက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ထဲမှာ ပါလီမန်က တောင်းဆိုထားပါတယ်။

အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆိုချက်ထဲမှာ ပါပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အရေးပေါ်ကြေညာချက်ကို ချက်ချင်းပြန်ရုပ်သိမ်းပြီး အရပ်သားအစိုးရလွှတ်တော်ပြန်ခေါ်ရေး ဖိအားပေးဖို့ကိုလည်း အီးယူပါလီမန်ရဲ့ ဆုံးဖြတ်ချက်ထဲမှာ ထည့်ထားပါတယ်။

ဒါ့အပြင် သတင်းမီဒီယာ လုပ်ငန်းလုပ်နေသူတွေကို မတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေကို ရပ်တန့်ဖို့နဲ့ ဖမ်းဆီးခံ သတင်းသမားတွေအားလုံးကို ပြန်လွှတ်ပေးဖို့လည်း ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။