သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-03
စွပ်စွဲခံရတဲ့သူမှာ ပြန်လည်ခုခံပိုင်ခွင့်ရသင့်ပြီး တရားခွင်တွေဟာလည်း အများပြည်သူထင်သာမြင်သာရှိတဲ့ တရားခွင်မျိုး ဖြစ်ရမယ်လို့ဆိုပါတယ်။
2023-01-03
အဲဒီထဲမှာ စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး အိမ်အလုံးပေါင်း သုံးသောင်းတစ်ထောင်ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
2023-01-03
ယနေ့လက်ရှိအချိန်မှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို မြန်မာစစ်ကောင်စီက ပိတ်ဆို့ဟန့်တားထားကြောင်း အမေရိကန်နိုင်ငံရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2023-01-03
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါက သံဃာတော် အပါး ၅ဝဝ ခြံရံကြွချီခဲ့တာဟာ အယူအဆမတူတဲ့ ဘာသာရေးဂိုဏ်းတွေက လုပ်ကြံသတ်ဖြတ်မှာကို စိုးရိမ်တဲ့အတွက် ဖြစ်နိုင်တယ်လို့စဉ်းစားမိတဲ့ အကြောင်း သီတဂူဆရာတော် ဘဒ္ဒန္တအရှင်ဉာဏိဿရရဲ့ဟောပြောချက်ကို ရွှေဝါရောင်ဆရာတော်တွေ ဝေဖန်ထောက်ပြနေကြပါတယ်။
2023-01-03
ကယားပြည်နယ်မှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အချိန် ၂၃ လအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော်အထိ တိုးလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါတယ်။
2023-01-03
ကချင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲကြောင့် အချိန် ၁၂ နှစ်ကြာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အခုနှစ်သစ်မှာ တိုင်းပြည်ငြိမ်းချမ်းလာဖို့နဲ့ သူတို့ဘဝတွေ အဆင်ပြေလာဖို့ကို မျှော်လင့်နေကြပါတယ်။
2023-01-03
၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ကျောင်းသားလူငယ်တွေ အပါအဝင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေ ထောင်ဒဏ်ချခံရမှု အများဆုံးလ ဖြစ်ခဲ့ပါတယ်။
2023-01-03
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရသူတွေထဲက ခုနစ်ဦး အခုရက်ပိုင်းအတွင်း ပြန်လွတ်လာတယ်လို့ အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။
2023-01-03
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကယားပြည်နယ်မှာ ဒေသခံ ၄၁၉ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-03
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့မနက်ပိုင်းက ကျောက်သယ်ကားနဲ့ လိုက်ပါလာတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာကလေး ၁၀ ဦးအပါအဝင် စုစုပေါင်း ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဟင်္သာတမြို့ခံတွေက RFA ကိုပြောပါတယ်။
2023-01-03
မြန်မာနိုင်ငံက ကလေးငယ် ၅ ဒသမ ၆ သန်းကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-03
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်က နေအိမ်တစ်အိမ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ ညပိုင်းက ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-03
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က နုတ်ထွက်စာတင်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀ ကျော်ကို တာဝန်ပြန်ထမ်းဆောင်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ရက္ခိုင့်တပ်တော် (AA) က ခေါ်ပြောခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
2023-01-03
အာဏာသိမ်း စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်ဟောင်းတွေ၊ စစ်ကောင်စီမှာ တာဝန်ထမ်းဆောင်နေသူတွေ အပါအဝင် အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ နယ်ပယ်စုံကပုဂ္ဂိုလ်တွေကို လွတ်လပ်ရေးနေ့အကြို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့ပါတယ်။
2023-01-03
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွှေတောင်ရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့မနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၁၃ လုံး မီးလောင်ခဲ့ပြီး သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။