အကြမ်းဖက်မှုတွေရပ်ဖို့ စစ်ကောင်စီကို အမေရိကန်တောင်းဆို

RFA Burmese
2023.01.03
အကြမ်းဖက်မှုတွေရပ်ဖို့ စစ်ကောင်စီကို အမေရိကန်တောင်းဆို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ။
AFP

မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး မတရားဖမ်းဆီးချုပ်နှောင်ထားသူတွေကို ပြန်လွှတ်ဖို့၊ အတားအဆီးအကန့်သတ်မရှိ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးအကန့်သတ်မရှိ ပေးခွင့်ပြုဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်ခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်ကို လိုလားနေတဲ့ ပြည်သူတွေရဲ့ဆန္ဒကို အသိမှတ်ပြုဖို့ အမေရိကန်နိုင်ငံက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး စိန်ရတုနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဇန်နဝါရီ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပြောကြားရာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေနဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်တဲ့ မြန်မာပြည်သူတွေရဲ့ စွမ်းအားကို အားပေးထောက်ခံလာတာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ယနေ့လက်ရှိအချိန်မှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို မြန်မာစစ်ကောင်စီက ပိတ်ဆို့ဟန့်တားထားကြောင်း ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေဟာ ကြမ်းတမ်းရက်စက်ပြီး ထိတ်လန့်စရာဖြစ်ပေမယ့် မြန်မာပြည်သူတွေရဲ့ အားလုံးပါဝင်တဲ့ ဒီမိုရေစီနိုင်ငံ ဖြစ်လာရေး စိတ်ဓာတ်ခိုင်မာမှုကို မအောင်မြင် မကျော်လွှားနိုင်တာတွေ့ရကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေး စိတ်ပိုင်းဖြတ် လုပ်ဆောင်မှုတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေပါကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။