သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-08
အမေရိကန်အခြေစိုက် Open Society ဖောင်ဒေးရှင်းတည်ထောင်သူ ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်တွေ နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2015-01-08
ဒီနေ့ ညနေပိုင်းက စစ်တွေလေဆိပ် ကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို စစ်တွေမြို့ခံ တစ်ထောင်ကျော် က လေဆိပ်မှာ ဆန္ဒပြကန့်ကွက်ကြပါတယ်။
2015-01-08
အမေရိကန်နိုင်ငံအခြေစိုက် Open society ပွင့်လင်းလူ့ဘောင်ရံပုံငွေအဖွဲ့ကို တည်ထောင်ထားတဲ့ သန်းကြွယ် သူဌေး ဂျော့ဆိုးရော့နဲ့ ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်တို့ ပြီးခဲ့တဲ့ ဇန်နဝါ ရီလ ၆ ရက်နေ့ က တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း လူမျိုးစုတွေ အတူပူးတွဲနေ ထိုင်နိုင်ရေးနဲ့ ပြည်နယ်ဖွံ့ဖြိုး ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2015-01-08
လက်ပံတောင်းတောင်ဒေသက ဒေါ်ခင်ဝင်း အသတ်ခံရတဲ့အမှုကို ရှေ့နေကွန်ရက်က အမှုဖွင့်ဖိ့ု ကြိုးစားတာဟာ ပြည်သူတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးတာဖြစ်သလို၊ မြန်မာနိုင်ငံမှာ တရားစီရင်ရေးက ဘယ်လောက်လွတ်လပ်မှု ရှိသလဲဆိုတာ သက်သေပြနိုင်ဖို့ ဖြစ်တယ်လို့ တရား လွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။
2015-01-07
ထိုင်း၊ မြန်မာနယ်စပ် မြဝတီ နဲ့မဲဆောက် မြို့တွေကို ဆက်သွယ်ထားတဲ့ ထိုင်း၊ မြန်မာ ချစ်ကြည်ရေးတံတား ကူးသန်းသွားလာ တဲ့အချိန်ကို တိုးမြှင့်ဖို့ ဇန်နဝါရီလ ၁ ရက်နေ့က နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။
2015-01-07
မြန်မာနိုင်ငံက ကျောင်းဆရာ၊ ဆရာမတွေအပါအဝင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ နိုင်ငံ ၅ နိုင်ငံက ဆရာ၊ ဆရာမတွေကို ပညာသင်ကြားရေးနဲ့ ပတ်သက် ပြီး နည်းပညာပိုင်းဆိုင်ရာ မြင့်တင်ပေးတဲ့ ဆွေးနွေးပွဲ တစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ရာ မှာ မနေ့က ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
2015-01-07
မန္တလေးတိုင်း အမရပူရမြို့က တမာအရိပ်အမျိုးသမီး အဖွဲ့ခေါင်းဆောင် မတင်မာရီ (ခေါ်) မနီ ကို တရားမဝင် စီတန်းလှည့်လည်မှုပုဒ်မ ၁၈ နဲ့ ချမ်းမြသာစည်မြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပါတယ်။
2015-01-07
ခရစ်ယာန် ရိုမန်ကက်သလစ် သာသနာပိုင်ချုပ်- ပုပ်ရဟန်းမင်းကြီး Francis ရဲ့ Cardinal ရဟန်း အမတ်အသစ် ၂ဝ ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ က ရွေးချယ်ခဲ့ရာမှာ မြန်မာနိုင်ငံ ကက်သလစ် အသင်းတော်ရဲ့ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ချားလ်စ်ဘိုလည်း ရွေးချယ်ခံခဲ့ရပါတယ်။
2015-01-07
ရန်ကုန်တိုင်း ဒလမြို့နယ်၊ ကမာကစစ် အနောက်ကျောင်းဆရာတော် ဦးဧသိက ဖွင့်လှစ်ထားတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မူလတန်းကျောင်းသူကျောင်းသား သုံးရာကျော်ကို ပညာသင်ကြားပေးနေပါတယ်။ ဒီနှစ်မှာ တက္ကသိုလ်ဝင်တန်း ကျောင်းသူကျောင်းသားတွေအတွက် ရက်ပေါင်း ၆ဝ သင်တန်းကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
2015-01-07
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သံဆူးကြိုးခတ်လိုက်တဲ့ မြေတွေထဲမှာ လျော်ကြေးယူမထားတဲ့ တောင်သူတွေရဲ့ လယ်မြေဧကထောင်နဲ့ချီ ပါဝင်နေတဲ့အတွက် ဒီမြေတွေကိုပြန်ရဖို့ မြေသိမ်းခံတောင်သူတွေက ဆည်တည်းရွာနားမှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေတာ ၁ဝ ရက် ရှိသွားပြီဖြစ်ပါတယ်။ ဒီအတောအတွင်းမှာပဲ ဒီလယ်ယာမြေတွေကို ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မြေတူးစက်တွေနဲ့ ၂၀၁၅ ဇန်နဝါရီလ ဒီနေ့ ဝင်ရောက်တူးဖော်ခဲ့ကြပါတယ်။
2015-01-07
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အနုပညာကမ္ဘာ” အစီအစဉ်ကို ပရိသတ်တွေ ရှုစားရမှာပါ။ RFA ဝိုင်းတော်သား မခက်မာက စီစဉ်တင်ဆက်ထားပါတယ်။
2015-01-07
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ခြံစည်းရိုးခတ်ရာမှာ ပါဝင်ခဲ့တဲ့ ဆည်တည်း ရွာက လယ်ယာမြေတွေကို ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မြေတူးစက်တွေနဲ့ ဒီနေ့ ဝင်ရောက်တူးဖော်ကြတယ်လို့ သိရပါတယ်။
2015-01-07
မြန်မာနိုင်ငံမှာ လူတန်းစား မမျှမတမှုတွေ ကို ဖြေရှင်းပေးနိုင်ဖို့ အစိုးရကို တိုက်တွန်း သွားမယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရွေးချယ်ထားတဲ့ ကာဒီနယ်ရဟန်းအမတ် ၂၀ ထဲက ရန်ကုန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော် ချားလ်စ်ဘိုက ပြောပါတယ်။
2015-01-07
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ တရားမဝင်သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံ သား တစ်ရာကျော်နဲ့ ဖမ်းဆီးရမိတဲ့ယာဉ်တွေ၊ မူးယစ်ဆေး ဝါးတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေထံ လွဲှပြောင်းပေး လိုက်တယ်လို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အဆင့်မြင့် အရာရှိတစ်ဦးက ဒီနေ့ ပြောပါတယ်။
2015-01-07
မဟာအောင်မြေ ကျောက်မျက် ရတနာ ရောင်းဝယ်ရေးစခန်းကို ပြောင်းရွှေ့ဖို့ မလိုတော့ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။