လက်ပံတောင်းတောင် သပိတ်စခန်း
2015.01.07
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သံဆူးကြိုးခတ်လိုက်တဲ့ မြေတွေထဲမှာ လျော်ကြေးယူမထားတဲ့ တောင်သူတွေရဲ့ လယ်မြေဧကထောင်နဲ့ချီ ပါဝင်နေတဲ့အတွက် ဒီမြေတွေကိုပြန်ရဖို့ မြေသိမ်းခံတောင်သူတွေက ဆည်တည်းရွာနားမှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေတာ ၁ဝ ရက် ရှိသွားပြီဖြစ်ပါတယ်။ ဒီအတောအတွင်းမှာပဲ ဒီလယ်ယာမြေတွေကို ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မြေတူးစက်တွေနဲ့ ၂၀၁၅ ဇန်နဝါရီလ ဒီနေ့ ဝင်ရောက်တူးဖော်ခဲ့ကြပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။