လွတ်မြောက်ရေး ဆုတောင်းသူ ထောင်ချခံရ


2015.01.07

မန္တလေးတိုင်း အမရပူရမြို့က တမာအရိပ်အမျိုးသမီးအဖွဲ့ခေါင်းဆောင် မတင်မာရီ (ခေါ်) မနီ ကို တရားမဝင်စီတန်း လှည့်လည်မှုပုဒ်မ ၁၈ နဲ့ ချမ်းမြသာစည်မြို့ နယ် တရားရုံးက မနေ့က ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပါတယ်။

လက်ပံတောင်းတောင်ဒေသမှာ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်း တရုတ်လူမျိုးနှစ်ယောက်ကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲဖမ်းဆီးခံရတဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသူ မဖြူနှင်းထွေး လွတ်မြောက်ရေးအတွက် ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မတင်မာရီတို့က မဟာမြတ်မုနိ ဘုရားမှာဝတ်ပြုဆုတောင်းခဲ့ကြတာကို ချမ်းမြသာစည်မြို့ နယ် ရဲတပ်ဖွဲ့က တရားစွဲခဲ့တာ ဖြစ်ပါတယ်။

မနေ့က မွန်းလွဲပိုင်းမှာတော့ မတင်မာရီကို အမိန့်ချမှတ်လိုက်ပြီး အိုးဘိုထောင်ကိုပ့ို လိုက်တယ်လို့ စာရေးဆရာ မင်းထက်ငြိမ်းချမ်းက RFA ကိုပြောပါတယ်။

"မဟာမုနိဘုရား ရင်ပြင်ထဲမှာ မန္တလေးမြို့က တက်ကြွသူ ၇၀ ကျော်လောက် စုရုံးပြီးတော့မှ ဗကသ ကျောင်းသူ ဖြူနှင်းထွေးကို ဦးပိုင်၊ ဝမ်ပေါင်ကနေ တရုတ် အမျိုးသား ၂ ယောက်ကို ပြန်ပေးဆွဲပါ တယ် ဆိုပြီးမှ စွပ်စွဲပြီးတော့ ရုံးထုတ်စစ်ဆေး နေတဲ့ အမှုနဲ့ပတ်သက်ပြီးတော့မှ အမြန်ဆုံး လွတ်မြောက် ပါစေလို့ ဆုတောင်းခဲ့ပါတယ်၊ သို့သော်လည်းပဲ ဥပဒေအရဆိုရင် ပါဝင်တဲ့သူ အားလုံးကို အရေးယူရမှာ ဖြစ်ပေ မဲ့ သူ့တစ်ယောက်ထဲကိုပဲ အရေးယူလိုက် တာဖြစ်တယ်၊ နောက်ပြီးတော့ ဒဏ်ငွေကို လုံးဝမပြောပဲ နဲ့ ထောင်ဒဏ်ခဏကျခံစေ ဆိုပြီးလုပ် လိုက်တယ်၊ ဆိုလိုတာက ဒဏ်ငွေ မဆောင်နိုင်လို့ ဆိုရင်တော့ တစ်မျိုးပေါ့၊ ဒါကို သက်ညှာမှုမရှိဘူးဆိုတာသိပါတယ်၊ အထက်အမိန့်တစ်ခုထဲနဲ့ ချမှတ်လိုက်တယ်ဆိုတာ ကျနော်တို့ အားလုံးခံစား ကြည့်လို့ရတယ်၊ ညနေ ၄ နာရီခွဲမှာ အိုးဘိုထောင်ကိုတစ်ခါတည်း ခေါ်ဆောင် သွားတယ်"

မတင်မာရီဟာ ၈ လေးလုံးအရေးတော်ပုံကတည်းက ဒီမိုကရေစီရေးမှာပါဝင်လှုပ်ရှားခဲ့ သူဖြစ်သလို၊ စစ်ထောက် လှမ်းရေးအဖွဲ့က မှားယွင်းထောင်ချတာခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသူဟောင်းလဲဖြစ်ပါတယ်။ ထောင်ကလွတ် ပြီးနောက်ပိုင်းမှာတော့ သဘာဝ ပတ်ဝန်းကျင်ရေးရာတွေမှာ ပါဝင်လှုပ်ရှားခဲ့သလို၊ တမာအရိပ် အမျိုးသမီးအဖွဲ့ကိုလဲ ဦးဆောင်လှုပ်ရှားနေသူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။