တရားမျှတရေးနဲ့ ဆင်းရဲသားများ အရေး ဆရာတော်ချားလ်စ်ဘို အစိုးရကို တိုက်တွန်းမည်


2015.01.07
charles-maung-bo-305.jpg ကာဒီနယ် ချားလ်စ်ဘို ပုံ
Photo: Kyaw Thu, Sann Maw Aung/RFA

မြန်မာနိုင်ငံမှာ လူတန်းစား မမျှမတမှုတွေကို ဖြေ ရှင်းပေးနိုင်ဖို့ အစိုးရကို တိုက်တွန်းသွားမယ်လို့ ပုပ် ရဟန်းမင်းကြီး ဖရန်စစ် ရွေးချယ်ထားတဲ့ ကာဒီနယ် ရဟန်းအမတ် ၂၀ ထဲက ရန်ကုန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော် ချားလ်စ်ဘို က ပြောပါတယ်။

မြန်မာအစိုးရနဲ့ တေ့ွဆုံရာမှာ ဆင်းရဲသားတွေရဲ့ အဆင့်အတန်းမြှင့်တင်ပေးဖို့အတွက် တိုက်တွန်းသွား မယ်လို့ ဆရာတော် ချားလ်စ်ဘိုက အခုလို ပြောပါတယ်။

"မြန်မာပြည်အတွက်ဆိုလို့ရှိရင် ကျနော်တို့ဆီက ငြိမ်းချမ်းမှသာလျှင် တိုးတက်နိုင်မယ်၊ ငြိမ်းချမ်းဖို့ရန် အတွက်က တရားမျှတမှသာ ငြိမ်းချမ်းမှုဖြစ်လာမယ်၊ ငြိမ်းချမ်းမှသာ တိုးတက်မယ်၊ ဒီမြန်မာပြည်မှာ ဖြစ် ပျက်နေတာက ပွင့်လင်းလာတယ် နောက်ပြီးတော့ မီဒီယာတွေက ပြောနိုင်ဆိုနိုင်ကြတယ်၊ ဒါပေမဲ့ မမျှမတတွေ ဖြစ်နေကြတာရှိတယ်၊ ဆင်းရဲနေတဲ့သူတွေက ဆင်းရဲနေကြတာရှိတယ်၊ ရနိုင်တဲ့သူ စားနိုင်တဲ့သူတွေက စားနိုင်ကြတယ်၊ အဲ့ဒါတွေကို အစိုးရအနေနဲ့ ဘယ်အဆင့်အတန်းပဲဖြစ်ဖြစ် တရားမျှတနိုင်ဖို့အတွက် အရေးကြီးပါတယ်"

ဆရာတော် ချားလ်စ်ဘိုဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ် ရဟန်းအမတ်အဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ အရွေးချယ်ခံထားရတာပါ။

ဆရာတော် ချားလ်စ်ဘိုအပါအဝင် ရွေးချယ်ခံရတဲ့ ရဟန်းအမတ် ၂၀ ကို လာမယ့်ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အီတလီနိုင်ငံ ရောမမြို့ ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်းမင်းကြီးက ခန့်အပ်မှာဖြစ်ပါတယ်။

အခုလို ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်မှာ ကာဒီနလ် ရဟန်းအမတ်အဖြစ် ပုပ်ရဟန်းမင်းက ရွေးချယ်တာဟာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေကို ကမ္ဘာကဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်တာလို့ ယူဆကြောင်းလည်း ဆရာတော် ချားလ်စ်ဘိုကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။