ရေဘေးသင့်ပြည်သူတွေကို ဝိုင်းဝန်းကူညီဖို့ ကာဒီနယ်လ်ချားလ်စ်ဘို တောင်းဆို

RFA Burmese
2024.09.28
ရေဘေးသင့်ပြည်သူတွေကို ဝိုင်းဝန်းကူညီဖို့ ကာဒီနယ်လ်ချားလ်စ်ဘို တောင်းဆို မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုအား တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းပံ့ပိုးကူညီပေးဖို့ ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ်လ်ချားလ်စ်မောင်ဘိုက ပန်ကြားလိုက်ကြောင်း ဗာတီကန်ကလာတဲ့ သတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

စက်တင်ဘာ ၉ ရက်နေ့နောက်ပိုင်း ရာဂီမုန်တိုင်းဒဏ်နဲ့ မုတ်သုန်မိုး ပြင်းထန်စွာရွာသွန်းတာတွေကြောင့် မြန်မာပြည်အနှံ့အပြား ရေဘေးဒဏ် ဆိုးဆိုးရွားရွားခံစားခဲ့ရပြီး ပြည်သူ ကိုးသိန်းနီးပါး ဒုက္ခရောက်နေကြကြောင်း၊ တချို့ဒေသမှာ ရေကျသွားပြီဆိုပေမဲ့ နေအိမ်အဆောက်အအုံတွေ၊ ရေအရင်းအမြစ်တွေနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေကြုံနေရပါတယ်။

သန့်ရှင်းတဲ့သောက်သုံးရေ မရတာတွေကြောင့် ကျန်းမာရေးပိုင်းဆိုင်ရာ စိုးရိမ်နေရပြီး ဝေးလံတဲ့ဒေသတွေမှာဆိုရင် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြားအရေးကြီးအသုံးအဆောင်ပစ္စည်းတွေ ပြတ်လတ်မှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ ဒီဘေးဆိုးကြီးကို စည်းစည်းလုံးလုံးနဲ့ ကြံ့ကြံ့ခံ ရပ်တည်ကြဖို့ ကာဒီနယ်ချားလ်မောင်ဘိုက တောင်းဆိုလိုက်သလို နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း ဒီရေဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်ပံ့ပိုးပေးကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။