မြန်မာပြည်ရဲ့ ဒုက္ခဆင်းရဲတွေ ဆုံးခန်းမမြင်ကြောင်း ကာဒီနယ်ချားလ်မောင်ဘိုပြော

RFA Burmese
2024.05.25
မြန်မာပြည်ရဲ့ ဒုက္ခဆင်းရဲတွေ ဆုံးခန်းမမြင်ကြောင်း ကာဒီနယ်ချားလ်မောင်ဘိုပြော မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုအား တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကပ်ရောဂါ အကြီးအကျယ်ဖြစ်ပွားနေစဉ်အတွင်း ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ အကျိုးဆက်ကြောင့် လက်ရှိ တိုင်းပြည်မှာ မကြုံစဖူး မငြိမ်သက်မှုတွေနဲ့ ဒုက္ခဆင်းရဲတွေ ကြုံတွေ့နေရပြီး ဘယ်တော့အဆုံးသတ်မယ်ဆိုတာ မျှော်မှန်းလို့မရတဲ့အခြေအနေ ရောက်နေတယ်လို့ ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောလိုက်ပါတယ်။

CNA သတင်းဌာနနဲ့ မေးမြန်းခန်းမှာ အခုလို ပြောခဲ့တာပါ။ ပဋိပက္ခတွေကြောင့် ဘုရားကျောင်း တစ်ရာကျော်မက ပျက်စီးခဲ့ပြီး အကြမ်းဖက်မှုတွေလည်း နယ်မြေအများအပြားမှာ ပျံ့နှံ့ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လူပေါင်း သုံးသန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အကူအညီတွေလည်း အရေးတကြီးလိုအပ်နေကြောင်း၊ ကက်သလစ်အသင်းတော်နဲ့ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်မှုကြောင့် အကူအညီတွေ ဖြည်းဖြည်းချင်း ရောက်ရှိလာနေကြောင်းလည်း ပြောပါတယ်။

လက်ရှိ ပြည်တွင်းစစ်ရဲ့ အကျိုးဆက်ကြောင့် ပြည်သူတွေထိခိုက်ခံစားနေရကြောင်း၊ မြန်မာနိုင်ငံရဲ့ ဘာသာရေးအခြေခံ အဆောက်အအုံတွေ အကြီးအကျယ်ပျက်စီးခဲ့ရပြီး အထူးသဖြင့် စစ်ကိုင်းနဲ့ လွိုင်ကော်ဒေသမှာ အဆိုးရွားဆုံးဖြစ်ကြောင်း ကာဒီနယ် ချားလ်မောင်ဘိုက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။