အာဏာသိမ်းကာလအတွင်း ကရင်နီဒေသမှာ အရပ်သား ၆၇၀ နီးပါးသေဆုံး

RFA Burmese
2024.08.03
အာဏာသိမ်းကာလအတွင်း ကရင်နီဒေသမှာ အရပ်သား ၆၇၀ နီးပါးသေဆုံး လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်မှ သတ်ဖြတ်ထားသည့် အရပ်သားခြောက်ဦး၏ ရုပ်အလောင်းများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်‌နေ့က ပရဟိတအဖွဲ့က သယ်ယူခဲ့စဉ်။
Citizen Photo

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ခွဲအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့တွေနဲ့ ကယားပြည်နယ်တို့မှာ စစ်ဘေးဒုက္ခသည်တွေအပါအဝင် အရပ်သား ၆၆၇ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က သြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းကာလအတွင်း တိုက်ပွဲ ၁၁၈၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၆၅၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့လည်း PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲကာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၅၂ ခု၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၆ ခုနဲ့ လူနေအိမ် ၂၆၈၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူဟာ ၁၆၂ ဦးရှိတယ်လို့ PKPF က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ သြဂုတ်လ ၂ ရက်နေ့အထိ စာရင်တွေအရ အာဏာသိမ်း သုံးနှစ်ခွဲအတွင်း နိုင်ငံတစ်ဝန်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၅၄၇၂ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။