ထိုင်း မြန်မာ ချစ်ကြည်ရေးတံတား ဖွင့်ချိန် တိုးမြှင့်
2015.01.07

Photo: RFA
ထိုင်း၊ မြန်မာ နယ်စပ် မြဝတီ နဲ့မဲဆောက်မြို့တွေကို ဆက်သွယ်ထားတဲ့ ထိုင်း၊ မြန်မာ ချစ်ကြည်ရေးတံတား ကူးသန်း သွားလာတဲ့အချိန်ကို တိုးမြှင့်ဖို့ ဇန်နဝါရီလ ၁ ရက်နေ့က နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။
အဲ့ဒီသဘောတူညီချက်အရ အရင် မနက် ၆ နာရီကနေ ညနေ ၆ နာရီအစား၊ ဇန်နဝါရီလ ၅ ရက်နေ့ စပြီး မနက် ၅ နာရီ ကနေ ညနေ ၈ နာရီအထိ တိုးမြှင့် သတ်မှတ်လိုက်တာဖြစ်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးတက်လာဖို့အပြင်၊ ခရီးသည်အရေအတွက်လည်း တိုးပွားလာစေဖို့ အတွက် ကူးသန်း သွားလာချိန် တိုးမြှင့်လိုက် တာဖြစ်ကြောင်း နေးရှင်းသတင်းကဖေါ်ပြပါတယ်။