မန္တလေးကျောက်ဝိုင်း ပြောင်းရွှေ့ဖို့ မလိုတော့ကြောင်း အာဏာပိုင်တွေ ကြေညာ
2015.01.07

မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းကို ပြောင်းရွှေ့ဖို့ မလိုတော့ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကျောက်ဝိုင်းမပြောင်းရွှေ့ချင်သူတွေ မပြောင်းဖို့ နဲ့ ပြောင်းရွှေ့ချင်တဲ့သူတွေကိုလည်း နေရာချထားပေး မယ်လို့ ကြေညာတာဖြစ်တယ်လို့ ကျောက်ဝိုင်း မပြောင်းရွှေ့ရေးနဲ့ အဆင့်မြှင့်တင်ရေးကော်မတီ အတွင်းရေးမှူး ကိုကျော်ဇောအောင်က ပြောပါတယ်။
"၈ နာရီကျော်လောက်မှာ သတင်းတက်လာတာ က ကျောက်ဝိုင်းကြီးကို မန္တလေး စည်ပင်သာ ယာရေးကော်မတီ MCDC ဖေ့ဘုတ်ကနေပြီးတော့မှ တက်လာတဲ့ တိုင်းဒေသကြီးစီမံကိန်းက လုပ်နေ တဲ့နေရာကိုလည်း ပြောင်းချင်တဲ့လူရှိရင်လည်း နေရာချထားပေးဖို့ ကူညီပေးမယ်ပေါ့နော်၊ တကယ် လို့ ကျောက်ဝိုင်းမှာ လက်ရှိလုပ်နေတဲ့သူလည်း မပြောင်းဖို့လည်း တရားဝင်ထုတ်ပြန်လိုက်တယ်ပေါ့"
မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ကျောက်ဝိုင်းဈေးအသစ်ကို ပြောင်းရွှေ့ဖို့ ညွှန်ကြားခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျောက်ရောင်းဝယ်သူ လူဦးရေ ၁ သိန်းနီးပါးက ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။