သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-07-07
နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ နှောင့်ယှက်ဖျက်ဆီးသူတွေ၊ ဆက်ကြေးတောင်းခံသူတွေကို အရေးယူသွားမယ်လို့ MNDAA၊ TNLA နဲ့ AA တို့က ကြေညာပါတယ်။
2023-07-07
ထိုင်းနိုင်ငံအလယ်ပိုင်းက စာသင်ကျောင်းတစ်ကျောင်းမှာ ပညာသင်နေတဲ့ မြန်မာကလေး ၁၂၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံ ပြန်ပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2023-07-07
ဆေးရုံဆေးခန်း လက်လှမ်းမမီတဲ့ ကချင်ပြည်နယ် တောင်ပေါ်ဒေသတွေမှာ အခမဲ့ကူညီနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးအဖွဲ့ဟာ ကုန်စျေးနှုန်းနဲ့ အလှူငွေအခက်အခဲကြောင့် ဆေးဝါးပြတ်လပ်နေတယ်လို့ ပြောပါတယ်။
2023-07-07
ဖရူဆိုမြို့နယ်အနောက်ခြမ်းက ခီလိုပရားရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
2023-07-07
ခင်ဦးမြို့နယ် အနောက်ခြမ်းနဲ့ အရှေ့ခြမ်းကရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်ပြီး ရွာတွေကို မီးရှို့နေလို့ အရပ်သားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
2023-07-07
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ချင်းလူမျိုး ၄၆၈ ဦး သတ်ဖြတ်ခဲ့တယ်ပါတယ်။
2023-07-07
လက်နက်ကိုင်ပဋိပက္ခဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုကို အာဏာသိမ်းစစ်တပ်က လက်နက်သဖွယ် သုံးလာတယ်လို့ လူ့အခွင့်အရေး၊ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ဝေဖန်သုံးသပ်ကြပါတယ်။
2023-07-07
ကြေးသွန်းလုပ်ငန်းကို မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တမ္ပဝတီအရပ်မှာ ဒီနေ့ထိ လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။
2023-07-06
စစ်အာဏာရှင်လက်ထက် ပထမဆုံး အကြမ်းဖက်ဖြိုခွဲမှု ဖြစ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက် အရေးအခင်းနဲ့ အာဏာသိမ်းမှု အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ဖြိုခွဲမှုတွေအကြောင်း၊ ဒီဖိနှိပ်ဖြိုခွဲမှုတွေကနေ ကြီးမားတဲ့ လူထုအုံကြွမှုကြီးတွေဖြစ်လာခဲ့တဲ့အကြောင်းတွေကို ဆွေးနွေးထားပါတယ်။
2023-07-06
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ရဲ့ စစ်ဦးစီးချုပ်အပါအဝင် အဖွဲ့ဝင် ၆ ဦးလုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီသတ်ဖြတ်မှုတွေကို ရခိုင့်တပ်တော် (AA) က ပြုလုပ်တာ ဖြစ်တယ်လို့ ALP က ပြောဆိုပေမယ့် AA က ငြင်းဆိုထားပါတယ်။
2023-07-06
ထိုင်းအလုပ်သမားဝန်ကြီးဌာနက အိမ်နီးချင်း လေးနိုင်ငံက အလုပ်သမားတွေ အလုပ်လုပ်ကိုင်ခွင့် ကဒ်ပြားလျှောက်ထားဖို့ သတ်မှတ်ရက်ကို ဒီလကုန်အထိ သက်တမ်းတိုးပေးလိုက်ပါတယ်။
2023-07-06
အာဏာသိမ်းစစ်တပ်လက်ထဲမှာ မြန်မာပြည်ရဲ့ အခြေအနေတွေဟာ တစ်နေ့တခြား ပိုမိုဆိုးဝါးလာနေတဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ ICC တရားရုံးကို လွှဲပြောင်းပေးဖို့ ကုလမဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
2023-07-06
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ လူမှုဝန်ထမ်း ၄၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
2023-07-06
စစ်တွေမြို့နယ်၊ ဘာဆာရာရိုဟင်ဂျာရွာမှာ အမိုးအကာတွေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။
2023-07-06
မြန်မာနဲ့ အာဆီယံဆက်ဆံရေးဟာ ဘုံသဘောတူညီချက်ငါးချက်အပေါ် အခြေခံတဲ့မူကို မပြောင်းလဲသေးဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။