ဘာဆာရာက မုန်တိုင်းသင့် ရိုဟင်ဂျာတွေ အမိုးအကာနဲ့စားနပ်ရိက္ခာ အကူအညီလိုနေ

RFA Burmese
2023.07.06
ဘာဆာရာက မုန်တိုင်းသင့် ရိုဟင်ဂျာတွေ အမိုးအကာနဲ့စားနပ်ရိက္ခာ အကူအညီလိုနေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘာဆာရာရိုဟင်ဂျာရွာမှာ နေထိုင်သူအချို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မိုခါဆိုင်ကလုန်မုန်တိုင်းကြောင့် ရွာလုံးကျွတ်ပျက်စီးသွားခဲ့တဲ့ စစ်တွေမြို့နယ်၊ ဘာဆာရာ ရိုဟင်ဂျာရွာမှာ အမိုးအကာတွေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘာဆာရာရိုဟင်ဂျာရွာကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အိမ်ထောင်စုတစ်စုကို တာပေါ်လင်စတစ်ခုသာ ရရှိပြီး အဲဒါနဲ့ပဲ ဖြစ်သလို မိုးကာပြီး နေထိုင်နေကြရတာပါ။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘာဆာရာရိုဟင်ဂျာရွာမှာ နေထိုင်သူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ပင်လယ်ကမ်းအနီးဖြစ်တာကြောင့် မိုးနဲ့ လေပြင်းနဲ့လာရင် နေစရာမရှိလောက်အောင်အထိ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘာဆာရာရိုဟင်ဂျာရွာမှာ နေထိုင်သူအချို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စားနပ်ရိက္ခာဟာလည်း ခက်ခဲနေကြပြီး အရေးပေါ်အကူအညီတွေပေးဖို့ လိုအပ်နေတာလို့ ရိုဟင်ဂျာတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘာဆာရာရိုဟင်ဂျာရွာမှာ နေထိုင်သူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘာဆာရာရိုဟင်ဂျာရွာမှာ နေထိုင်သူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဘာဆာရာရွာမှာ အိမ်ထောင်စုလေးရာကျော် လူဦးရေ နှစ်ထောင်ကျော် ရှိပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘာဆာရာရိုဟင်ဂျာရွာမှာ နေထိုင်သူအချို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘာဆာရာရိုဟင်ဂျာရွာမှာ နေထိုင်သူအချို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မေလ ၁၄ ရက်နေက တိုက်ခိုက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးသွားခဲ့တာ ဖြစ်သလို ရွာသား ၁၅ ဦးလည်း သေဆုံးသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။