သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-05
ရခိုင့်တပ်တော် AA ရဲ့ သင်တန်းမှာ တက်ခဲ့သူတွေဟာ အခုအဲ့ဒီတပ်ဖွဲ့မှာ သင်တန်းနည်းပြဆရာတွေအဖြစ် ပြန်သင်ပေးနေပါတယ်။
2023-03-05
စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းမှာ အသက်အန္တရာယ်မလုံခြုံတော့လို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနဲ့ အိန္ဒိယနယ်စပ်တွေဆီ ထွက်ပြေးခိုလှုံကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ အဲဒီနိုင်ငံတွေမှာ တရားဝင် နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ရဖို့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2023-03-05
စာသင်ကျောင်း၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦတွေလည်း မီးလောင်ကျွမ်းပြီး မီးဘေးဒုက္ခသည် တစ်သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။
2023-03-05
ခမောက်ကြီးမြို့၊ ဝိုင်ဒင်းရွာအနီးမှာ မတ်လ ၄ ရက်က စစ်ကောင်စီတပ်နဲ့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့ပါတယ်။
2023-03-05
မြန်မာမှာ ၂၀၂၃ ခုနှစ်ရဲ့ ပထမ နှစ်လတာအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ တစ်သိန်းခွဲကျော်တိုးလာတယ်လို့ OCHA က မတ် ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2023-03-05
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာကို မတ်လ ၄ ရက်နေ့ မနက် ၅နာရီကျော်မှ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် အသက် ၃၀ အရွယ် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-05
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အရပ်သား ၃၉၄ ဦး သေဆုံးပြီး ၁၄၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2023-03-05
မြောက်နုံးရွာကို စစ်ကောင်စီတပ် မတ်လ ၃ ရက်မှာ ဝင်ရောက်စီးနင်းပြီး ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့သလို နေအိမ် ၁၅၀ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။
2023-03-05
ကျောက်ကြီးမြို့နယ်၊ သာစည်ရွာအနီးမှာ မတ်လ ၃ ရက် ညနေပိုင်းက မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-03-05
နတ်မောက်မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်ကို အမည်မသိ လက်နက်ကိုင်လူတစ်စု ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-04
စစ်အုပ်ချုပ်ရေးကြေညာခံလိုက်ရတဲ့ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းဝင်လာတဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ မတ်လ ၃ရက်နေ့အထိ လေးရက်အတွင်း ရွာ ကိုးရွာ မီးရှို့ခံလိုက်ရသလို ဒေသခံ ရှစ်ယောက် အသတ်ခံခဲ့ရပါတယ်။
2023-03-04
မြန်မာစစ်ကောင်စီကို ဥရောပနိုင်ငံတွေက ဒဏ်ခတ်အရေးယူပိတ်ဆို့ထားပေမယ့် ဇိမ်ခံသင်္ဘောတွေ ဆောက်လုပ်တဲ့ ဥရောပနိုင်ငံတွေကို တူရကီနိုင်ငံကတစ်ဆင့် မြန်မာ့ကျွန်းသစ်တွေ ရောက်ရှိနေပါတယ်။
2023-03-04
မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာမှု အကူအညီ လိုအပ်မှုတွေ မြင့်တက်လာနေပြီး အကူအညီရောက်ရှိ ဆောင်ရွက်နိုင်ရေး အခြေအနေတွေလည်း ပိုမိုဆိုးဝါးလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှုးရုံး UNOCHA က မတ်လ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
2023-03-04
အာဏာသိမ်းစစ်ကောင်စီကို နည်းပညာပိုင်း အဓိက ကူညီပံ့ပိုးနေတဲ့ နောင်ရိုးကုမ္ပဏီ၊ FISCA ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာနတို့ကို အမေရိကန်ပြည်ထောင်စုက နာမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။
2023-03-04
ကန့်ဘလူမြို့နယ် အောက်တဲရွာနဲ့ ပင့်သာရွာကို မတ်လ ၃ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းမှုကြောင့် အရပ်သား သုံးထောင်ကျော် ထွက်ပြေးနေရပါတယ်။