ဘင်္ဂလားဒေ့ရှ်က ဘာလုခါလီရိုဟင်ဂျာစခန်းမီးလောင်

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.05
ဘင်္ဂလားဒေ့ရှ်က ဘာလုခါလီရိုဟင်ဂျာစခန်းမီးလောင် ၂ဝ၂၃ ခုနှစ် မတ်လ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းနေသည့် မြင်ကွင်းကို တွေ့မြင်ရစဉ်။
Reuters

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် (၁၁)မှာ မတ် ၅ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၄၀ မှာ မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေနှစ်ထောင်ကျော် ဆုံးရှုံးခဲ့တယ်လို့ ဒုက္ခသည်တွေက RFA ကိုပြောပါတယ်။

rohingya002.jpg
Photo: Reuters

စာသင်ကျောင်း၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦတွေလည်း မီးသင့်လောင်ကျွမ်းပြီး မီးဘေးဒုက္ခသည် တစ်သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။ နှစ်နာရီလောက် မီးလောင်ကျွမ်းခဲ့တာလို့ ဘာလုခါလီဒုက္ခသည်စခန်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ တချို့ဒုက္ခသည်တွေက နီးစပ်ရာအိမ်တွေမှာ ခိုလှုံနေကြပြီး တချို့လည်း ဒုက္ခသည်စခန်းအပြင်ဘက် လမ်းမတွေပေါ်မှာ စုဝေးနေထိုင်နေကြတယ်လို့ ပြောပါတယ်။

rohignay003.jpg
Photo: Reuters

ကနဦးသတင်းအရ ရှို့မီးလို့ပြောဆိုနေကြပြီး မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိမရှိကို အတည်မပြုနိုင်သေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။