သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-08
ပြည်သူတွေရဲ့ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေကြမ်းဆိုပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ကန့်ကွက်နေကြတဲ့ “ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်း” (ငြိမ်းစုစီ)ကို မတ်လ ၇ ရက်နေ့က အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
2018-03-07
မြန်မာရွှေ့ပြောင်းလုပ်သား ၂သန်းကျော်လောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဥပဒေတချို့ကိုပြင်ဆင် ဖို့ ဆောင်ရွက်နေပါတယ်။
2018-03-07
ဧရာဝတီတိုင်း ဗိုလ်ကလေးမြို့နယ်က ရွာတွေမှာ တွဲဖက်အထက်တန်းကျောင်းပုံသဏ္ဍန်နဲ့ ဖွင့်ထားတဲ့ကျောင်းတွေကို လာမယ့် စာသင်နှစ်မှာဖွင့်ခွင့်ပေးမှာ မဟုတ်တော့ဘူးလို့ မြို့နယ်ပညာရေးမှူးကပြောတဲ့အတွက် ကျောင်းသားတွေထောင်နဲ့ချီပြီး ပညာရေးအခက်အခဲဖြစ်တော့မယ်လို့ ပြောဆိုနေကြသလို၊ ကျောင်းဖွင့်ခွင့်ကို သတ်မှတ်ထားတဲ့စည်းမျဉ်းအတိုင်း လျှောက်ထားပြီးတော့ မူဝါဒ စည်းမျဉ်းတွေနဲ့ကိုက်ညီရင် ဖွင့်ခွင့်ရမယ်လို့ မြို့နယ်ပညာရေး မှူးက တုံ့ပြန်ပြောဆိုပါတယ်။
2018-03-07
နိုင်ငံတကာ အမျိုးသမီးများနေ့နဲ့ အမျိုးသမီးရေးလှုပ်ရှားမှု၊ အမျိုးသမီးဆိုင်ရာ ၂၀၃၀ ပြည့်နှစ် ကုလသမဂ္ဂရည်မှန်းချက်၊ မြန်မာနိုင်ငံက သက်ငယ်မုဒိမ်းမှုနဲ့ အမျိုးသမီးတွေရဲ့ မလုံခြုံတဲ့ဘဝ စတာတွေကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2018-03-07
ဖမ်းဆီးခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးအမှုကို မနေ့က ဆက်လက်စစ်ဆေးခဲ့ရာမှာ အစိုးရသက်သေ ရဲမှူးကြီး စိုးအောင်က က ဖမ်းဆီးပြီးနောက်တနေ့မှာ ကိုဝလုံးရဲ့ နေအိမ်ကို သွားရောက်ပြီး သတင်းနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို သူနုဲ့ တခြားရဲတပ်ဖွဲ့ဝင် ၁ဝ ဦးခန့်က ရှာဖွေခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။
2018-03-07
ဝါရှင်တန်မြို့တော်ရှိ ကမ္ဘာကျော် Holocaust ဟိုလိုကော့စ် အမှတ်တရပြတိုက်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ၂ဝ၁၂ ခုနှစ်က သူတို့ ချီးမြှင့်ပေးအပ်ထားတဲ့ Elie Wiesel အယ်လီ ဝီဆဲလ် လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာပါတယ်။
2018-03-07
၃၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည်ညီလာခံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ကောင်စီဥက္ကဌ ဇာအိဒ် ဟူစိန်က မြန်မာအာဏာပိုင်တွေကို ပြစ်တင်ပြောကြားလိုက်ပါတယ်။
2018-03-07
ပြည်သူတွေ တည်ငြိမ်မှု၊ လုံခြုံမှုရှိဖို့အတွက် တရားတဲ့ ဥပဒေတွေ စိုးမိုးရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2018-03-07
ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေအတွင်း အစိုးရတပ်မတော်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ပြည်နယ်အစိုးရထံ တရားဝင် သတင်းရောက်ရှိလာခြင်းမရှိဘူးလို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် က ဒီနေ့ ပြောပါတယ်။
2018-03-07
နစ်နာကြေးငွေကျပ် သိန်းပေါင်း ၂ သောင်းရလိုမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၂ ဦးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိ သူတွေရဲ့အမှုကို တရားရုံးစရိတ် ကင်းလွတ်ခွင့်နဲ့ ဧရာဝတီတိုင်း တရားလွှတ်တော်က ဒီကနေ့ ပလပ်ပေးလိုက်ပါတယ်။
2018-03-07
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ခန့်အပ်ဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
2018-03-07
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မကျင်းပခင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ တရားဝင်တွေ့ဆုံဆွေးနွေးဖို့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ KNPP က အစိုးရထံ အဆိုပြုလိုက်ပါတယ်။
2018-03-07
ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေကြမ်းဆိုပြီး အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ကန့်ကွက်နေကြတဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်း (ငြိမ်းစုစီ)ကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
2018-03-07
ဖမ်းဆီးခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ရဲ့ မူရင်းဟောပြောချက်အခွေကို တရားခွင်မှာ ဖွင့်ပြခွင့်ရဖို့ စွပ်စွဲခံရသူ ရှေ့နေတွေက စစ်တွေမြို့နယ် တရားရုံးမှာ တင်ပြတာကို တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2018-03-07
တရားမဝင် နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ဥပဒေပါ ပြစ်ဒဏ်တွေကို ထိုင်းအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းက လျှော့ပေါ့ပြင်ဆင်ပေးလိုက်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို အကူအညီပေးနေသူတွေက ဒီနေ့ ပြောပါတယ်။