သတင်းထောက်အိမ် ရှာဖွေမှု ရဲသက်သေ ပြောကြား
2018.03.07

ဖမ်းဆီးခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးအမှုကို မနေ့က ဆက်လက်စစ်ဆေးခဲ့ရာမှာ အစိုးရသက်သေ ရဲမှူးကြီး စိုးအောင်က က ဖမ်းဆီးပြီးနောက်တနေ့မှာ ကိုဝလုံးရဲ့ နေအိမ်ကို သွားရောက်ပြီး သတင်းနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို သူနုဲ့ တခြားရဲတပ်ဖွဲ့ဝင် ၁ဝ ဦးခန့်က ရှာဖွေခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒီအမှုကို စွဲချက်တင်ခဲ့တဲ့ ရဲတပ်ဖွဲ့က ကိုဝလုံးတို့ကို ရခိုင်ပြည်နယ်အရေးအခင်းနဲ့ ပတ်သက်ပြီး သတင်းပို့မှုအတွက် ဖမ်းဆီးခဲ့တာ မဟုတ်ပါဘူးလို့ မူလက ငြင်းဆိုခဲ့ေြကာင်း သိရပါတယ်။
ကိုဝလုံးကတော့ ရဲတွေဟာ သူ့အိမ်ကိုသွားပြီး ရခိုင်ပြည်နယ်အရေးအခင်းအတွက် မိမိတို့ ဘယ်လို သတင်းအချက်အလက်တွေ ပို့နေသလဲဆိုတာကို ရှာဖွေခဲ့တာဖြစ်တယ်လို့ တရားစစ်ဆေးမှု ခေတ္တရပ်နားချိန် မှာ ပြောကြားခဲ့ပါတယ်။