ကုလ လူ့အခွင့်အရေး နှစ်ပတ်လည် ညီလာခံမှာ မြန်မာကို ပြစ်တင်ဝေဖန်


2018.03.07
zeidraad-alhussein-622.jpg ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဥက္ကဌ ဇိရက် အယ်လ်ဟူစိန် ကို တွေ့ရစဉ်
Photo: UN Web TV

၃၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည်ညီလာခံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေ ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ကောင်စီဥက္ကဌ ဇာအိဒ် ဟူစိန်က မြန်မာအာဏာပိုင်တွေကို ပြစ်တင်ပြောကြားလိုက်ပါတယ်။

လူမျိုးတုံးသုတ်သင်ရှင်းလင်းတဲ့ ကျူးလွန်မှုမျိုးတွေရှိခဲ့တယ်လို့ အတော်လေးသံသယရှိခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒီရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘူလ်ဒိုဇာတွေနဲ့ နေရာတော်တော်များများကို ရှင်းလိုက်တယ်ဆိုတာဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ချိုးဖေါက်တာဖြစ်နိုင်တဲ့ သက်သေအထောက်အထားတွေ ဖျောက်လိုက်တာလို့ သူကဆိုပါတယ်။ ဒါ့အပြင် မောင်တောမြို့နယ်တခုလုံးမှာ ရိုဟင်ဂျာတွေမနေနိုင်အောင် မြန်မာ အာဏာပိုင်တွေက စနစ်တကျ အကွက်ချပြီးလုပ်ခဲ့တယ်လို့လည်း ဇာအိဒ်ဟူစိန်က ပြောပါတယ်။

မကြာသေးခင်က မြန်မာအစိုးရ ကြေညာထားတဲ့ အဲဒီဒေသမှာရိုဟင်ဂျာ ၁၀ ယောက်ကို တရားဥပဒေမဲ့ ပစ်သတ်လိုက်တဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သား ၇ ယောက်နဲ့ ရဲအရာရှိ ၃ ယောက်ကို အရေးယူထားတယ်ဆိုတာကလည်း မလုံလောက်သေးဘူးလို့ဆိုပါတယ်။

လွတ်လပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အသင်းအဖွဲ့တွေ အဲဒီဒေသကိုဝင်ထွက် သွားလာစောင့်ကြည့်ခွင့် ကို ပေးမထားတဲ့အကြောင်း၊ လူမျိုးရေးခွဲခြားဆက်ဆံတဲ့မူဝါဒရှိနေတာ ထင်ရှားတယ်ဆိုတဲ့အကြောင်းနဲ့ မတူကွဲပြားတဲ့လူမျိုးတွေကိုဆက်ပြီး ဆန့်ကျင်နေတဲ့အကြောင်းလည်း အစီရင်ခံစာဖေါ်ပြပါတယ်။

သာဓကအနေနဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရတာတွေ အဆက်မပြတ်ဖြစ်နေ တယ်လို့ ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။