သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-10
အသတ်ခံရသူတွေဟာ ဘုံးဘောရွာက အသက် ၁၄ နှစ်အရွယ် မိုင်နှောင်ပါလှနဲ့ အသက် ၂၁ နှစ်အရွယ် မိုင်ရွှေဇင်ရဲ ခေါ် မခင်ဝင်းတို့ဖြစ်ပြီး သူတို့နှစ်ဦးဟာ ဂုတ်ကြီးရွာကနေ သူတို့ရွာအပြန်မှာ ပျောက်ဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး RFA ကို ပြောပါတယ်။
2022-10-10
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ လေးဦးကို အောက်တိုဘာ ၈ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-10-10
စစ်ကောင်စီတပ်နဲ့ မတူပီ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြို့အဝင်အထွက်တွေကို ပိတ်ထားခဲ့တာဖြစ်သလို ခရီးသွားလာခွင့်နဲ့ ကုန်ပစ္စည်းသယ်ယူခွင့်ပါ ကန့်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-10
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ လိပ်ရနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် (AA) က အောက်တိုဘာလ ၁၀ ရက် ဒီနေ့မနက် အစောပိုင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-10-09
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မှာဆိုရင် အရင်ရက်တွေထက် လာရောက်ဖူးမြော်သူ များပြားခဲ့ပြီး ဘုရားဖူးလာရောက်သူတွေနဲ့ ကြက်ပျံမကျ စည်ကားခဲ့ပါတယ်။
2022-10-09
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ အောက်တိုဘာလ ၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံ ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးနဲ့ မိခင်ဖြစ်သူတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-09
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီးမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဒီနေ့ မနက်ပိုင်းက ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO) က RFA ကို ပြောပါတယ်။
2022-10-09
မန္တလေးမြို့ ၂၇ လမ်းနဲ့ ၂၈ လမ်းကြား ၆၂ လမ်းမပေါ်မှာ အောက်တိုဘာလ ၉ ရက် ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး လမ်းပေါ်မှာသွားလာနေတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-09
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ညောင်ကားယားရွာကို စစ်ကောင်စီတပ်တွေက အောက်တိုဘာလ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-09
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် နေပူကုန်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၈ ရက် မနေ့ ၁၂ နာရီမှာ စစ်ရဟတ်ယာဉ်လေးစင်းနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ကိုးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-09
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ခဲ့တာကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သုံးခွရွာက အသက် ၃၁ နှစ်အရွယ် မမာလာဝင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာလ ၈ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2022-10-08
ရုရှားဟာ အာရှတစ်ဝန်းက နိုင်ငံတွေကို ဝေဟင်ကဝေဟင်ပစ် ဒုံးကျည်တွေ၊ သင်္ဘောဖျက်ဒုံးတွေ၊ ရဟတ်ယာဉ်တွေ ရောင်းချပါတယ်။ ၁၉ ရာစုက ဧကရာဇ်ပြောခဲ့တဲ့ စစ်အင်အားသာ ရုရှားအတွက် မဟာမိတ် ဖြစ်တယ်ဆိုတဲ့ စကားကို ပုံစံပြောင်းပြီး အာရှနိုင်ငံတွေကို သူ့နိုင်ငံထုတ်လက်နက်လည်းရောင်း မဟာမိတ်လည်း ဖွဲ့နေတာပဲ ဖြစ်ပါတယ်။
2022-10-08
ပစ်သတ်ခံရတဲ့သူဟာ အသက် ၄၅ နှစ်အရွယ် ဆရာဦးရှေကုလ်ဖြစ်ပါတယ်။ သူဟာ အဲဒီရွာက ကလေးတွေကို စေတနာ့ဝန်ထမ်းအဖြစ်နဲ့ စာသင်ပေးနေတဲ့ ပညာတက် ကျောင်းဆရာတစ်ဦးဖြစ်တယ်လို့ သေဆုံးသူ ဆရာဦးရှေကုလ်ရဲ့ တူမလည်းဖြစ်၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ မဝေဝေနုက လူမှုကွန်ရက်မှာ ရေးထားပါတယ်။
2022-10-08
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ညောင်ကားယားရွာကို အောက်တိုဘာလ ၈ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့လို့နေအိမ်၁၂ လုံး မီးလောင် ပျက်စီးခဲ့ပါတယ်။
2022-10-08
ဖမ်းခံရသူက လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာက အသက် ၂၀ ဝန်းကျင် မနွယ်သရဖီစိုး ဖြစ်ပြီး ထားဝယ်ကိုအသွား ကျောက်နီမှော်ကျေးရွာမှာ ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။