ကျိုက်ထိုမြို့နယ်မှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရ

2022.10.09
ကျိုက်ထိုမြို့နယ်မှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်အား ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: KNU-Doo Tha Htu District

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ခဲ့တာကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သုံးခွရွာက အသက် ၃၁ နှစ်အရွယ် မမာလာဝင်း ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာလ ၈ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီအမြောက်တပ်ရင်း အမတ (၃၁၀) က အောက်တိုဘာလ ၅ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ တာဖြစ်ပါတယ်။

အဲဒီလက်နက်ကြီးကျည်ဟာ သုံးခွကျေးရွာထဲက မမာလာဝင်းရဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မမာလာဝင်းရဲ့ မေးရိုးနဲ့ ညာဘက်ပေါင်မှာ လက်နက်ကြီးကျည်စထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးကလည်း အတည်ပြုပြောဆိုပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိပါဘူး။

KNU ထိန်းချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တိုက်ပွဲ ၃၃၃ ကြိမ် ဖြစ်ပွားခဲ့ ပါတယ်။ ဒါ့အပြင် လက်နက်ကြီးကျည်၊ မြေမြှုပ်မိုင်းနဲ့ လက်နက်ငယ် ပစ်ခတ်မှုတွေ ကြောင့် အရပ်သားခြောက်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က အောက်တိုဘာလ ၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။