သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-09
မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆိုင် ရာ ဆွေးနွေးပွဲတစ်ခုကို အခုဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပ မှာဖြစ်ပြီး အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်မယ်လို့ သိရပါတယ်။
2015-01-09
ဒီလ ၁၂ ရက်နေ့မှာ နေပြည်တော်က သမ္မတ အိမ်တော်မှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပြည်တွင်းငြိမ်း ချမ်းရေး ကိစ္စတွေကို ဆွေးနွေး ဖို့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို နိုင်ငံတော်သမ္မတက ဖိတ်ကြားထား ပါတယ်။
2015-01-09
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန် မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee နဲ့ ၂ရက်ကြာ တွေ့ဆုံခဲ့တဲ့ အရပ် ဘက် လူမှုအဖဲ့ွအစည်းကိုယ်စားလှယ်တွေက ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2015-01-09
ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိလာတဲ့ ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms.Yanghee Lee ကို စစ်တွေမြို့ဒေ သခံ တစ်ထောင်ကျော်က စစ်တွေလေဆိပ်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2015-01-09
နိုင်ငံသားမဟုတ်သူတွေကို ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က အချိန် ၂လ တိုးပေးလိုက်ပါတယ်။
2015-01-08
မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ဖို့ အတွက် နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်မှာ အမျိုးသမီးတွေ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ဖို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ BWU ရဲ့ သတ္တမအကြိမ် ညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။
2015-01-08
အစိုးရက အသစ်ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားရေးရာကော်မတီကို ဦးဆောင်ခွင့်ရထားသူဟာ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီး တရားစွဲထောင်ချနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ကပဲ ဖြစ်နေတဲ့အတွက် စိုးရိမ် စရာဖြစ်တယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း က ပြောပါတယ်။
2015-01-08
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ဗြိတိန်အနေနဲ့ ပိုမိုအားပေးကူညီသွားမှာဖြစ်သလို၊ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာအောင်လည်း တွန်းအားပေးသွားမှာဖြစ်ကြောင်း ဗြိတိန်အစိုးရဝန်ကြီးချုပ် ရုံးဝန်ကြီး Hugo Swire က မနေ့က နေ့စွဲနဲ့ ကြေညာ ချက် နှစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
2015-01-08
မြန်မာနိုင်ငံမှာ HIV ရောဂါပိုး ကူးစက်ခံထားရ သူတွေအတွက် လုံလောက်တဲ့ ဆေးဝါးအကူ အညီပေးဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ မကွေးတိုင်းချောက်မြို့မှာ HIV ဝေဒနာ သည်တွေ ဆေးဝါးအလွယ်တကူ ရရှိအောင် ကူညီစောင့်ရှောက်ပေးနေတဲ့ ပရဟိတကွန်ရက် အဖွဲ့အကြောင်းကို RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2015-01-08
ဖန်တီးမှုအနုပညာတွေထဲမှာ အဆောက်အဦးတွေ၊ လမ်းတံတားတွေရဲ့ အသေးစားပုံစံငယ်လေးတွေကို ဆောက်လုပ်ရေးကိရိယာမသုံးဘဲ လက်မှုပညာနဲ့ ဖန်တီးတဲ့ပညာရပ်လည်း ပါဝင်ပါတယ်။ ဝါးနဲ့ လုပ်ထားတဲ့တူ၊ အသားကင်တဲ့တုတ်၊ သွားကြားထိုးတံ အစရှိတဲ့ပစ္စည်းတွေသုံးပြီး ဖန်တီးထားတဲ့ လက်မှုအနုပညာအကြောင်းကို RFA သတင်းထောက် ကိုအောင်ကိုကိုက တင်ပြထားပါတယ်။
2015-01-08
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော်မှုကော်မတီဟာ နေပြည်တော် သမ္မတရုံးဝန်ကြီးဌာနရုံးမှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-01-08
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်က ချည်မျှင်နဲ့အထည်စက်ရုံ ဆန္ဒပြအလုပ်သမားတွေနဲ့၊ အစိုးရဆီကနေစက်ရုံကို လွဲှပြောင်းယူထားတဲ့ Panda Textile ကုမ္ပဏီတာဝန်ရှိသူတွေ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။
2015-01-08
ဒီလ ၁၂ ရက်နေ့မှာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စတွေ ကို နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေး ဖို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို သမ္မတရုံးက ဒီနေ့ ဖိတ်ကြားလိုက်ပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်လည်း ဖိတ်ကြားခံရပြီး၊ ကိုယ်တိုင်တက်ရောက်မယ် လို့ RFA ကို အတည်ပြုပြောပါတယ်။
2015-01-08
နိုင်ငံသားမဟုတ်သူတွေကို ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အချိန်နှစ်လ တိုးပေးလိုက်ပါတယ်။
2015-01-08
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားရတာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အပြည့်အ၀ လိုက်နာအကောင်အထည်ဖော်မှု မရှိတာကြောင့်ဆိုတဲ့ ကော် မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ကြောင်း အစီရင်ခံစာအကောင်အထည်ဖော် မှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ငြင်းဆိုလိုက်ပါတယ်။