စဉ့်ကိုင်ချည်မျှင်စက်ရုံ ဆန္ဒပြပွဲ


2015.01.08

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်က ချည်မျှင်နဲ့အထည်စက်ရုံ ဆန္ဒပြအလုပ်သမားတွေနဲ့၊ အစိုးရဆီကနေစက်ရုံကို လွဲှပြောင်းယူထားတဲ့ Panda Textile ကုမ္ပဏီတာဝန်ရှိသူတွေ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ အစိုးရဆီက လွဲပြောင်းရယူခဲ့စဉ်က ချုပ်ဆိုထားတဲ့စာချုပ်ပါ အချက် ၁၆ ချက်ကို အကောင်အထည်ဖော်ပေးဖို့ အလုပ်သမားတွေ က တောင်းဆိုပေမယ့် စက်ရုံတာဝန်ရှိသူတွေက ၁၄ ချက်ကိုသာ လိုက်လျောတဲ့အတွက် ပြေလည်မှုမရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။