သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-01-07
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ က ဦးစီးပြီး တနင်္သာရီတိုင်းဒေသကြီး ဘန်ချောင်း၊ ခမောင်းသွယ်နဲ့ တနင်္သာရီမြို့နယ်တွေ က ကရင်တိုင်းရင်းသားတွေ စုပေါင်းပြီး ပထမဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲတော်ကို ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲမှာ ဒီဇင်ဘာလ ၈ရက် မနက်ဖြန်ကနေစတင်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပမယ်လို့သိရပါတယ်။
2013-01-07
ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာ ရွာမအနောက်ပိုင်းမှာရှိတဲ့ နန့်မွန်းဌာနေ ပြည်သူ့စစ်စခန်းကို ဇန်နဝါရီလ ၇ရက် ဒီကနေ့ မနက်အစောပိုင်း ၄ နာရီနဲ့ ၅နာရီကြားလောက်က ကေအိုင်အေတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့စစ်တစ်ဦးက RFA ကို ပြောပါတယ်။
2013-01-07
ကချင်ပြည်နယ်မှာ လဂျားယန်စခန်းနဲ့ တမိုင်လောက်သာဝေးပြီး ကေအိုင်အေ တပ်ရင်း ၂၄ အခြေစိုက်ထားတဲ့ ဖွန်းပျဉ်ဘွမ်ဆိုတဲ့ တောင်ကုန်းတဝိုက်ကို အစိုးရတပ်တွေက ဒီကနေ့ ဇန်နဝါရီလ ၇ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
2013-01-07
လာမယ့်ဖေဖေါ်ဝါရီလ နောက်ဆုံးပတ် အတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပသွားမယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို အတည်ပြုပြောပါတယ်။
2013-01-07
ကချင်ပြည်နယ်တွင်း အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေကြား အရှိန်မြင့်လာနေတဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေး အတွက် ဝင်ရောက်ဆောင်ရွက်ဖို့ဆိုရင် အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
2013-01-07
မြန်မာနိုင်ငံဟာ ဂျပန်၊ အိန္ဒိယ၊ အနောက်နိုင်ငံတွေနဲ့ ပိုပြီး နီးစပ်လာနေပြီး၊ ဆက်ဆံရေး တိုးမြှင့်လာနေတာဟာ တရုတ်၊ မြန်မာဆက်ဆံရေးအပေါ် သက်ရောက် မှုတွေ ရှိလာနေပြီး၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ မဟာဗျူဟာ နေရာအခင်းအကျင်း အပေါ်မှာလည်း ဖိအားတစ်ရပ် ဖြစ်လာနေတယ်လို့ တရုတ် အစိုးရရဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ Global Times သတင်းစာက မနေ့က ဖေါ်ပြ လိုက်ပါတယ်။
2013-01-07
ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံတွင်း မှာ ဗြိတိသျှစစ်တပ်က လျှို့ဝှက်မြှုပ်နှံထားခဲ့တယ်ဆိုတဲ့ Spitfire တိုက်လေယာဉ်တွေ ကို ပြန်လည် ရှာဖွေတူးဖေါ်ကြမယ့်အဖွဲ့ဟာ ရန်ကုန်မြို့ကို မနေ့က ရောက်ရှိလာခဲ့ကြပါတယ်။
2013-01-06
မြန်မာစာရေးဆရာတွေနဲ့ နိုင်ငံတကာစာရေး ဆရာတွေ ပူးပေါင်းစီစဉ်တဲ့ “ဧရာဝတီစာပေပွဲတော်” အကြိုသတင်းစာရှင်းလင်းပွဲ ကို ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့ ရန်ကုန်မြို့အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2013-01-06
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဝိဇယဉာဏိကာရာမကျောင်းတိုက် ဆရာတော်၊ ထိုင်းနိုင်ငံရဲ့ ဒုတိယသံဃရာဇာ ဆရာတော် အရှင် ဥပသမ ကို လွပ်လပ်ရေးနေ့ အခါသမယနဲ့ တိုက်ဆိုင်ပြီး သမ္မတကြီး ဦးသိန်းစိန်က အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက ဒီကနေ့ ကြေညာ ချက်ထုတ်ပြန်ပါတယ်။
2013-01-06
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရပ်ဆိုင်ရေး သပိတ်တိုက်ပွဲကို အရှိန်မြှင့်ပြီး ဆက်လက်ဆောင်ရွက် သွားမယ်လို့ ကြေးနီတောင်စီမံကိန်းတဝိုက်မှာ သပိတ်စခန်း ဖွင့်လှစ်ထားဆဲဖြစ်တဲ့ ဆန္ဒပြနေသူတွေ က ဒီကနေ့ ဇန်နဝါရီလ ၆ရက်နေ့မှာ အစည်းအဝေး ထိုင်ပြီး ဆုံးဖြတ်လိုက်ကြပါတယ်။
2013-01-06
ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် KNU ကရင်အမျိုးသားအစည်းရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ဟာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင် တဲ့ မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ နဲ့ နေပြည်တော်၊ ဘုရင့်နောင် ရိပ်သာမှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2013-01-05
မြန်မာသမ္မတ ဦးသိန်းစိန်က ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့ကို ဇန်နဝါရီလ ၅ရက် မနေ့ညနေ က တွေ့ဆုံခဲ့ရာမှာ ကာလရှည် ကြာပြီဖြစ်သည့် မိမိတု့ိအချင်းချင်း လက်နက်ကိုင် ပဋိပက္ခတွေကို မိမိတို့လက်ထက်မှာ အဆုံးသတ်ပြီး သမိုင်းတွင်ရစ်မည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
2013-01-05
ကေအိုင်အေ တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် မြန်မာ အစိုးရ လေယာဉ်ပျံတွေ တရုတ်နိုင်ငံ ပိုင်နက်ထဲ ဝင်ရောက် ပျံသန်းခဲ့တယ် ဆိုတာ မဟုတ်မမှန်ပါဖူးလို့ တရုတ်လေတပ် က ပြောကြား လိုက်ပါတယ်။
2013-01-05
ဂျကာတာမြို့က ဟိုတယ်တခုမှာ သောကြာနေ့က ကျင်းပတဲ့ ၆၅ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ က မြန်မာအစိုးရနဲ့ အင်ဒိုနီးရှားအစိုးရအကြား ဆက်ဆံရေးတွေ တနေ့တခြားတိုးတက် ကောင်းမွန်လာနေကြောင်း ၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပါကြောင်း စသဖြင့် ပြောဆိုခဲ့ပါတယ်။
2013-01-05
မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၉ လ အတွင်း ပြည်ပကို ဆန်နဲ့ ဆန်ထွက် ပစ္စည်း တန်ချိန် ၁ သန်း ၁ သိန်း တင်ပို့နိုင်ခဲ့ကြောင်းနဲ့ ဒါဟာ ပြီးခဲ့တဲ့ ၄၆ နှစ်ကြာကာလအတွင်း ပြည်ပကို ဆန်တန်ချိန် ပမာဏ အများဆုံး ရောင်းချနိုင်ခဲ့တာ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က နေပြည်တော်မှာ ကျင်းပတဲ့ ဆန်ဝယ်ယူရေးနဲ့ ဆန်စပါးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးမှာ ပြောကြား ခဲ့တယ်လို့ မြန်မာပြည်က စနေနေ့ ရောက်ရှိလာတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။