ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့နဲ့ ကာကွယ်ရေးဦးစီးချုပ် ဆွေးနွေး
2013.01.06

ဒီနှစ်ဘက်ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုမှာ ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနဲ့ မြန်မာ့တပ်မတော်အကြား ဖြစ်ပွားနေတဲ့စစ်ပွဲတွေ ရပ်စဲရေးအတွက်ကိုလည်း နှစ်ဘက်ခေါင်းဆောင်တွေ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး(၂) ပဒို မန်းမန်းက RFA ကို အခုလို ပြောဆိုပါတယ်။
“မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာစေဖို့ နှစ်ဖက်ညှိနှိုင်းထားတဲ့ ကျင့်ဝတ်တွေ စည်းကမ်းတွေကို အဓိကထားဆွေးနွေးခဲ့တယ်၊ ကချင်ဘက်မှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲ ဆွေးနွေးခဲ့တာရှိပါတယ်”
ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြိုးစားနေကြောင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရ အကောင်အထည်ဖော်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေကို ၇၀ ရာခိုင်နှုန်း အားရကျေနပ်မှုရှိကြောင်း၊ တပ်မတော်အနေနဲ့လည်း ငြိမ်းချမ်းရေးကို လိုလားကြောင်း ကေအဲန်ယူ တာဝန်ရှိသူတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်အတွင်း KNU နဲ့ မြန်မာ့တပ်မတော်အကြား တပ်တွေ ပြန်လည်နေရာချထားရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ဆွေးနွေးဖို့ မြန်မာ့တပ်မတော်အနေနဲ့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့သိရပါတယ်။
ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့ထဲက ပဒိုမန်းမန်းကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |