လိုင်ဇာအနီးမှာ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်
2013.01.07

ဒီကနေ့ မနက် ၉နာရီလောက်က ဟန်းကိုင်တောင်နဲ့ ဘွမ်ဆန် ဆိုတဲ့နေရာကနေ ကေအိုင်အေ စခန်းထိုင် အဲဒီ ဖွန်းပျဉ်ဘွမ်ဆိုတဲ့နေရာကို အစိုးရတပ်ဖက်က လက်နက်ကြီးတွေနဲ့ ညနေပိုင်းအထိ ပစ်ခတ်ခဲ့တယ်လို့ အဲဒီနေရာတဝိုက်မှာရှိတဲ့ RFA သတင်းထောက်က ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ ညနေ ၃နာရီခွဲလောက်မှာ စစ်ရဟတ်ယဉ် ၃စီးနဲ့ ဂျက်တိုက်လေယဉ် ၂စီး ရောက်လာပြီး စစ်ရဟတ်ယဉ် ၂စီးကတော့ ဒီဇင်ဘာ ၃ဝရက်နေ့က အစိုးရတပ်တွေ သိမ်းပိုက်လိုက်တဲ့ ပွိုင့် ၇၇၁တောင်ကုန်းပေါ် ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ စစ်ဂျက်တိုက်လေယဉ် ၂စီးကတော့ အမြင့်ပိုင်းကနေ ခေတ္တ ပျံဝဲနေခဲ့ပြီး ရဟတ်ယဉ် ၂စီး ပျံတက်သွားပြီးနောက်ပိုင်း ဂျက်တိုက်လေယဉ် ၂စီးက အပေါ်ကနေပစ်ခတ်သွားတာကို မြင်တွေ့ရတယ်လို့ပြောပါတယ်။
အခုလို ပွိုင့် ၇၇၁တောင်ကုန်းကို ဆင်းသက်ရတဲ့အကြောင်းကတော့ လက်နက်ခဲယမ်းကျည်ဆံတွေ လာပို့တာဖြစ်နိုင်တယ်လို့ အေဘီအက်စ်ဒီအက်ဖ်နဲ့ ကေအိုင်အေ တပ်မှုးတွေက ယူဆကြပါတယ်။ လိုင်ဇာဖက်မှာ ရောက်နေတဲ့ RFA သတင်းထောက် ကိုရဲထက်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |