မြန်မာ လေယာဉ်ပျံ တရုတ်ပိုင်နက် ဝင်ရောက်ခဲ့ခြင်း မရှိ
2013.01.05
တရုတ်လေတပ်မတော်ရဲ့ စနေနေ့ထုတ်ပြန်ချက်မှာ မြန်မာနဲ့ ကချင်တပ်ဖွဲ့တွေအကြား ပြဿနာတွေ ပေါ်ပေါက်ခဲ့ချိန်ကစပြီး မိမိတို့လေတပ်ဖွဲ့အနေနဲ့ တရုတ်-မြန်မာ နယ်ခြားဒေသကို တင်းတင်းကျပ်ကျပ် ထောက်လှမ်း စောင့်ကြည့်ခဲ့ကြောင်း၊ မြန်မာလေယာဉ်ပျံတွေဟာ တရုတ်ပြည်ပိုင်နက်နဲ့ ၅ ကီလိုမီတာအထိပဲ ချဉ်းကပ်ပျံသန်းခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
မြန်မာလေတပ်က ကြဲချခဲ့တဲ့ ဗုံး ၃ လုံး တနင်္ဂနွေနေ့က တရုတ်ပိုင်နက်ထဲ ကျရောက်တဲ့အတွက် တရုတ်နိုင်ငံခြားရေးဌာနက မြန်မာအစိုးရကို သောကြာနေ့မှာ သတိပေး ကန့်ကွက်ခဲ့ပြီး နောက်တရက်မှာ တရုတ်လေတပ်မတော်ရဲ့ ထုတ်ပြန်ချက် အခုလို ပေါ်ထွက်လာတာဖြစ်ပါတယ်။