Spitfire တိုက်လေယာဉ် ပြန်လည်ရှာဖွေရေးဖွဲ့ ရန်ကုန်မြို့ကို ရောက်ရှိ

ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံတွင်း မှာ ဗြိတိသျှစစ်တပ်က လျှို့ဝှက်မြှုပ်နှံထားခဲ့တယ်ဆိုတဲ့ Spitfire တိုက်လေယာဉ်တွေ ကို ပြန်လည် ရှာဖွေတူးဖေါ်ကြမယ့်အဖွဲ့ဟာ ရန်ကုန်မြို့ကို မနေ့က ရောက်ရှိလာခဲ့ကြပါတယ်။

2013.01.07

လယ်ယာလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မစ္စတာ David Cundall ဦးဆောင်တဲ့ ၂၁ဦးပါအဖွဲ့ဟာ ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်းအနီးမှာ စတင်ရှာဖွေတူးဖေါ်ကြမယ်လို့ သိရပါတယ်။

လေယာဉ်အစိတ်အပိုင်းတွေကို မြေအောက် ပေသုံးဆယ်လောက်အနက်မှာ သစ်သားအိမ်တွေအတွင်း ထည့်သွင်းမြှုပ်နှံခဲ့တာဖြစ်ပြီး တူးဖေါ်ဖို့အတွက် သီတင်းပတ် လေးပတ်ကနေ ခြောက်ပတ်အထိ အချိန်ယူရမှာဖြစ်ကြောင်း၊ လေယာဉ်တွေရဲ့အခြအနေ အသစ်အတိုင်းကောင်းမွန်နေလိမ့်မယ်လို့ မိမိတို့ မျှော်လင့်ထားကြောင်း မစ္စတာ David Cundall က ခရီးရောက်မဆိုက်မှာပဲ သတင်းထောက်တွေကို ပြောကြားပါတယ်။

Spitfire တိုက်လေယာဉ်တွေကို ရန်ကုန် မင်္ဂလာဒုံ လေယာဉ်ကွင်းအနီးမှာ ၃၆စီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ၁၈စီး၊ မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာမြို့မှာ ၆စီး မြှုပ်နှံထားတယ်လို့ ယုံကြည်ရကြောင်း တူးဖေါ်ရေးအဖွဲ့ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။