သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-05
မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ တရားမျှတမှုရှာဖွေတဲ့ အစီအစဉ်တစ်ခု လုပ်ဆောင်သင့်ပြီလို့ Human Rights Watch ခေါ် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောလိုက်ပါတယ်။
2022-07-05
ရန်ကုန်မြို့ လှည်းတန်းဈေးအနီးမှာ ဇူလိုင်လ ၄ ရက် မနေ့က သေနတ်နဲ့ အပစ်ခံရတဲ့ အမျိုးသမီးနှစ်ဦးစလုံး သေဆုံးသွားပြီလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က ဇူလိုင်လ ၅ ရက် ဒီနေ့ ပြောပါတယ်။
2022-07-05
မြန်မာ့နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်လို့ ပါဝင်သင့်သူတွေအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုဖြစ်လာဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို တိုက်တွန်းခဲ့တယ်လို့ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့က ဇူလိုင်လ ၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
2022-07-05
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ကစပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၆ ရွာက ဒေသခံ လေးသောင်းခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
2022-07-05
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၊ လှယ်မှီးရွာ အလယ်တန်းကျောင်းက ကျောင်းဆရာမနှစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း စာသင်ကြားနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၅ ရက် ဒီနေ့ ပြောပါတယ်။
2022-07-05
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံသုံးဦး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ မိသားစုဝင်တွေက RFA ကို ဇူလိုင်လ ၅ ရက် ဒီနေ့ပြောပါတယ်။
2022-07-05
အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရက်ဆော့ခွန်းဟာ သူ့ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
2022-07-05
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ နှစ်လအတွင်း ဒေသခံနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၀ ဦးနဲ့ အဖမ်းခံရသူ ၁၇ ဦးရှိတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ (Institute of Chin Affairs ) ရဲ့ စာရင်းတွေက ဖော်ပြနေပါတယ်။
2022-07-05
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရုံးတွေဟာ ဇူလိုင်လ ၁ ရက်နေ့အထိ ၁၀၆ ကြိမ် တိုက်ခိုက်ဖျက်ဆီးခံရတယ်လို့ NLD ပါတီက ဇူလိုင်လ ၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2022-07-05
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ရဲ့ ပါတီလုပ်ငန်းဆိုင်ရာကိစ္စ စစ်ဆေးခြင်းကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာပဲ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အတွင်း စစ်ဆေးပြီးစီးသွားပြီ ဖြစ်ပါတယ်။
2022-07-05
ကရင်ပြည်နယ် KNLA တပ်မဟာ (၅) ဧရိယာထဲက မြန်မာ-ထိုင်းနယ်စပ်အနီးမှာ အခြေပြုထားတဲ့ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုကို ဇူလိုင် ၄ ရက်၊ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်လောက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အေအေ တပ်ဖွဲ့ဝင် ခြောက်ဦး ကျဆုံးသွားကြောင်း ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၅ ရက် ဒီနေ့ မနက်က ထုတ်ပြန်ပါတယ်။
2022-07-05
ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ဗားလုံရွာအနီးကနေ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု ဖြတ်သန်းသွားပြီးနောက် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၆၀ အရွယ် ဒေါ်ထေ့ကပ် (Pi Tail Kap) ရဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၅ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
2022-07-05
အခုတွေ့နေရတာက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေရောက်လာလို့ မနေ့ညက ရွာသားတွေ ထွက်ပြေးနေရတာပါ။
2022-07-05
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ်ခရီးစဉ်မှာ အကျိုးရလဒ် ကြီးကြီးမားမား မရှိဘဲ ပြီးဆုံးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ တောင်းဆိုချက်ကို အရင်လိုပဲ တရားရင်ဆိုင်နေရတဲ့သူနဲ့ တွေ့ခွင့်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် မတွေ့ခဲ့ရသလို၊ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်နဲ့တွေ့ဖို့ တောင်းဆိုတဲ့အခါမှာလည်း သူ့ကျန်းမာရေးကြောင့် တွေ့ခွင့်မရခဲ့ဘူးလို့ မနေ့ညကထုတ်ပြန်တဲ့ အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်အနှစ်ချုပ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2022-07-04
ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) က ၁၀ ရက်ကျော် ဖမ်းဆီးထားခဲ့တဲ့ လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အထက်တန်းကျောင်းက ကျောင်းဆရာ၊ ဆရာမ ခြောက်ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဒီနေ့မှာပဲ KSP က ထုတ်ပြန်ပါတယ်။