သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-03
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ပြီးနောက် ဆက်စပ်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သတင်းပေးတိုင်ကြားလိုသူတွေအနေနဲ့ အချက်အလက်နဲ့ မှတ်တမ်းတွေ ပေးပို့တိုင်ကြားနိုင်ကြောင်း တပ်မတော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဖိတ်ခေါ်လိုက်ပါတယ်။
2019-04-03
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌဟောင်း ဦးစံမင်းအောင်ကို ကိုယ်ကျိုးအတွက် ငွေကြေး အလွဲသုံးစားလုပ်မှု ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ ဧရာဝတီတိုင်းလွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးက မတ်လကုန်လောက်က အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။
2019-04-03
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှာ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိခိုက်နေတဲ့ ဒေသခံများအတွက် စိုးရိမ်မကင်းဖြစ်ရတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန် ထားပါတယ်။
2019-04-02
မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးအတွက် စာပေ အနုပညာနဲ့ ဥပဒေလောကက လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ တောင်းဆိုချက်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အတွက် တရုတ်အစိုးရကို ငြင်းပယ်နိုင်ဖို့ ဆေးတစ်ခွက် ဖြစ်လာမလား။
2019-04-02
သတင်းတွေမှာ ရက္ခိုင့်တပ်မတော် AA ကို သောင်းကျန်းသူလို့ မသုံးဖို့ သတင်းမီဒီယာတချို့ကို လူမှုကွန်ရက်နဲ့ အီးမေးလ်တွေကနေတဆင့် ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။
2019-04-02
လူမှုကွန်ရက်စာမျက်နှာ အသုံးပြုပြီး တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တိုင်ကြားခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်ရဲစခန်းက ဒီနေ့ အာမခံ ပေးလိုက်ပါတယ်။
2019-04-02
၂ဝ၁၈ ခုနှစ်အတွင်း မြို့နယ် ၅ဝ မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ လျော့နည်းသွားတယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ MIPS က ထုတ်ပြန်လိုက်ပါတယ်။
2019-04-02
၂၀၁၈ ခုနှစ်အတွင်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲတွေလျော့ နည်းလာပေမယ့် တိုင်းရင်းသားအချင်းချင်းတိုက်ပွဲတွေ ပိုမိုဖြစ်ပွားခဲ့တယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ MIPS က ထုတ်ပြန်လိုက်ပါတယ်။
2019-04-02
ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲမှာ မဲစာရင်းထဲအမည်မပါသူတွေကို မဲထည့်ခွင့်ပြုခဲ့သူတွေနဲ့ မဲပေးခွင့်ရအောင် ဖိအားပေးညှိနှိုင်းခဲ့သူတွေကို ခုံရုံးဖွဲ့ စစ်ဆေးပြီး သက်ဆိုင်ရာဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင် က RFA ကို ဒီနေ့ ပြောပါတယ်။
2019-04-02
မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆက်သွယ်ထားတဲ့ ပလက်ဝ-မီဇိုရမ်နှစ်လမ်းသွားကားလမ်း ဖောက်လုပ်နေ တဲ့ ဆုထူးစံကုမ္ပဏီက ဝန်ထမ်းတွေကို AA က ဖမ်းဆီးထားပြီး ပလက်ဝတံတားစီမံကိန်းအတွင် အသုံးပြုဖို့ တင်လာတဲ့ သဘောၤကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။
2019-04-02
လူမှုကွန်ရက်စာမျက်နှာ အသုံးပြုကာ တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တိုင်ကြားအမှု ဖွင့်ခံထားရတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်ရဲစခန်းက ဒီနေ့ အာမခံပေး လိုက်ပါတယ်။
2019-04-02
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ည မထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ဒီနေ့စတင်ထုတ်ပြန်လိုက်ပါတယ်။
2019-04-02
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဖက်ဝန်းချောင်းရွာထဲက နေအိမ်တစ်လုံးအပေါ် မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
2019-04-02
ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် တက်ရောက်မယ့် ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ ဒုတိယအကြိမ်ဖိုရမ်ကို တရုတ်နိုင်ငံ ပေကျင်းမြို့မှာ အခုလကုန်ပိုင်း ကျင်းပဖို့ ရှိနေပါတယ်။ ဒီဖိုရမ်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လိုစီမံကိန်း အကြောင်းအရာတွေ ဆွေးနွေးသွားနိုင်ချေရှိသလဲ ဆိုတဲ့အပေါ် တရုတ်-မြန်မာအရေး လေ့လာသူတွေ ရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
2019-04-01
အစိုးရအနေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကနေ ထွက်ပေါက်တစ်ခုအဖြစ် အသုံးချတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းကို အကောင်အထည်မဖော်ဖို့ “မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး” နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးက တောင်းဆိုလိုက်ပါတယ်။