တိုက်ပွဲဖြစ်ဒေသ ပြည်သူတွေအတွက် အမေရိကန် စိုးရိမ်
2019.04.03

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှာ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိခိုက်နေတဲ့ ဒေသခံများ အတွက် စိုးရိမ်မကင်းဖြစ်ရတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေသူ ၁၇၀၀၀ကျော်ရှိပြီး သူတို့အတွက် လိုအပ်သော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အပြည့်အဝပေးနိုင်ဖို့ အာဏာပိုင်တွေက ခွင့်ပြုချက်မပေးသေးတာ အတွက်လည်း စိုးရိမ်ပူပန်တယ်လို့ဆိုပါတယ်။
အစိုးရရဲ့ကန့်သတ်ချက်ကြောင့် ရခိုင်ပြည်နယ်ရှိမြို့နယ် ၅ခုက နောက်ထပ်အရပ်သား ၉သောင်းခွဲလောက်ဟာ ၂၀၁၉ ဇန်နဝါရီလကစပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် သန့်ရှင်းသောရေ မရရှိဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။
အလားတူ ဒုက္ခသည် တသိန်းကျော်ရှိတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်များမှာလည်း အကူအညီများအတွက် ဟန့်တားမှုတွေရှိနေတယ်လို့ ဖေါ်ပြထားပြီး ဒီအတွက်အစိုးရနဲ့ တပ်မတော်ကိုကို တိုးချဲခွင့်ပြုဖို့ တိုက်တွန်းတယ်လို့ ကြေညာချက်မှာပါရှိပါတယ်။