သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-08
မကွေးတိုင်း၊ ပေါက်မြို့နယ် ကင်းမကျေးရွာက ရွာသားသုံးဦးနဲ့ ဒိန်းကွင်းကျေးရွာက ရွာသားသုံးဦး စုစုပေါင်းခြောက်ဦးကို ဩဂုတ် ၂၇ နဲ့ ၂၈ ရက်နေ့မှာ ရွာထဲမှာ တပ်စွဲ နေကြတဲ့ စစ်ကောင်စီတပ်သားတွေက သတ်လိုက်တယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
2021-09-08
အမျိုးသားညီညွတ်ရေးအစိုးရ NUG က လူထုတော်လှန်ရေး စတင်ပြီလို့ ကြေညာ လိုက်တဲ့အချိန်မှာပဲ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ပြည်သူအများစုဟာ ကျေးလက် နဲ့ မြို့ပြအနှံ့ တိုက်ပွဲတွေဖြစ်လာခဲ့ရင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ RFA ကို ပြောကြပါတယ်။ ပြည်သူအချို့ကတော့ နိုင်ငံတစ်ဝန်း စစ်ဖြစ်လာပြီး ကုန်စျေးနှုန်းတွေ ပိုတက်လာမှာ၊ လုံခြုံရေး ပိုခက်ခဲလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
2021-09-08
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စက်တင်ဘာ ၇ ရက်နေ့ မနေ့ ည ၇ နာရီ ဝန်းကျင်ကစဖြစ်တဲ့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲအတွင်း ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေထဲက အသက် ရှစ်နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး ယာဉ်မတော်တဆမှု ဖြစ်ပြီး သေဆုံးသွားပါတယ်။
2021-09-08
စက်တင်ဘာလ ၉ ရက်နေ့မှာ အွန်လိုင်းကနေ ပြုလုပ်မယ့် တရုတ်ကွန်မြူနစ်ပါတီနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံတွေရဲ့ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေးပါတီ လေးခု တက်ရောက်မှာ ဖြစ်ပါတယ်။
2021-09-08
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၇ ရက် မနေ့ညနေပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခံရတယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။
2021-09-08
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက မြစ်ဆုံရွာထဲကို စက်တင်ဘာလ ၈ ရက်၊ ဒီကနေ့ မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် နေတာကြောင့် တစ်ရွာလုံး ထွက်ပြေးနေကြရတယ်လို့ မြစ်ဆုံရွာဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-08
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အရှေ့စည်းရွာက ရွာသားနှစ်ဦးကို စက်တင်ဘာလ ၇ ရက် မနေ့မှာ စစ်ကောင်စီတပ်သားတွေက လမ်းပြအတွက် ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် သေဆုံးသွားတယ်လို့ ကလေးမြို့ဒေသခံတွေက RFA ကို ပြော ပါတယ်။
2021-09-08
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက နဂါးမတောင်မှာရှိတဲ့ စစ်ကောင်စီပိုင် Mytel တာဝါတိုင်နဲ့ ဆက်စပ်ပစ္စည်းတွေကို စက်တင်ဘာလ ၇ ရက် မနေ့ည ၇ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PRA) က မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။
2021-09-07
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာကို လက်မခံတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။
2021-09-07
အာဏာသိမ်း စစ်ကောင်စီကို အင်အားသုံး တိုက်ခိုက်ကြဖို့ တိုက်တွန်းချက် ပေါ် ထွက်လာတာကြောင့် မြန်မာနိုင်ငံအရေးမှာ ကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံက ကြိုးပမ်းရာမှာ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ထည့် စဉ်းစားဖို့ လိုအပ်နေတာကို ပြသနေတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
2021-09-07
ကုလသမဂ္ဂ Credential Committee ကိုယ်စားလှယ်ခန့်အပ်မှု စိစစ်ရေးကော်မတီက မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် သံအမတ်ကြီးအဖြစ် NUG အမျိုးသား ညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ဖြစ်တဲ့ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြုမှာလား၊ ဒါမှမဟုတ် အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်ကို လက်ခံမှာလား၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ အသိအမှတ်မပြုဘဲ လစ်လပ်နေရာအဖြစ်ထားရှိမှာလားဆိုတာကို ဒီလအတွင်း ဆုံးဖြတ်ရွေးချယ်မှာ ဖြစ်ပါတယ်။
2021-09-07
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကို ဗြိတိန်အစိုးရက ထောက်ခံတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2021-09-07
အာဏာကို အဓမ္မရယူထားတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး အပြီးတိုင်ဖျက်သိမ်းရေး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ တစ်နိုင်ငံလုံးကို တိုက်တွန်းလိုက်ပါတယ်။
2021-09-07
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာရှိတဲ့ မွတ်စလင်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို လက်မခံကြဖို့ ကျောက်တော်မြို့ ခမရ (၃၅၇) တပ်ရင်းမှာ စက်တင်ဘာလ ၆ ရက် မနေ့က အစည်းအဝေးခေါ်ယူပြီး သတိပေးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးတွေက RFA ကိုပြောပါတယ်။
2021-09-07
လက်ရှိ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူတွေကို အကူအညီပေးနေတဲ့ သတင်းထောက်ဟောင်း ကိုမှူးအိမ်ဇော်ကို အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၆ ရက် မနေ့ည ၁၁ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားတယ်လို့ ကိုမှူးအိမ်ဇော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။