တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ အာရှနိုင်ငံရေးပါတီများဆွေးနွေးပွဲ NLD တက်မည်

2021.09.08
တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ အာရှနိုင်ငံရေးပါတီများဆွေးနွေးပွဲ  NLD တက်မည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှာ ၂၀၂၀ စက်တင်ဘာ ၃၀ ရက်နေ့က NLD ပါတီ မဲဆွယ်စည်းရုံးခဲ့စဥ်
Photo: RFA

စက်တင်ဘာလ ၉ ရက်နေ့မှာ အွန်လိုင်းကနေ ပြုလုပ်မယ့် တရုတ်ကွန်မြူနစ်ပါတီနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားမှုနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် မြန်မာ နိုင်ငံက နိုင်ငံရေး ပါတီ လေးခု တက်ရောက်မှာ ဖြစ်ပါတယ်။

NLD ပါတီဘက်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH) ရဲ့ လက်ရှိအဖွဲ့ဝင် ၂၀၂၀ ရွေးကောက်ပွဲရဲ့ ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) အနိုင်ရ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး တက်ရောက်မှာ ဖြစ်ပါတယ်။

ပုံမှန်လုပ်နေကျဆွေးနွေးပွဲ မပျက်အောင်လုပ်တဲ့ သဘောမျိုးဖြစ်ပြီး တရုတ်က ဖိတ်တဲ့အထဲမှာ ပြန်ဆွေးနွေး ရမယ့် အစီအစဉ် မပါဝင်တာကြောင့် ဘာမှဆွေးနွေးနိုင်ဖို့ မမျှော်လင့်ဘူးလို့ ဦးဘိုဘိုဦး က RFA ကို ပြော ပါတယ်။

USDP ပါတီဘက်ကလည်း ဗဟိုလူငယ်ရေးရာကော်မတီရဲ့ ဒုတိယဌာနမှူး ဒေါက်တာ သန့်ဇော်လွင် တက် ရောက်မှာဖြစ်တယ်လို့ ပါတီရဲ့ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့် က လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာထားပါတယ်။

နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့် ဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ( Strengthening Political Parties Corporation in Joint Pursuit of Economic Development) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ် မယ့် အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ NLD ပါတီနဲ့ USDP အပါအဝင် နိုင်ငံရေးပါတီ လေးခုကို တရုတ်ဘက် က ဖိတ်ကြားထားတာဖြစ်ပြီး နောက်ထပ် ပါတီနှစ်ခုကိုတော့ တိတိကျကျ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။