သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-08
အင်းတော်မြို့နယ် နန့်သာရွာမှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် နန့်သာရွာ အပါအဝင် နီးစပ်ရာကျေးရွာ ငါးရွာက ဒေသခံ လေးထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-04-08
တိုက်ပွဲစဖြစ်တဲ့ ဧပြီလ ၅ ရက်မှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့်သာရှိခဲ့ပေမယ့် ဧပြီ ၈ ရက်နေ့မှာတော့ တစ်သောင်းကျော်အထိ ရှိလာတယ်လို့ ပြောပါတယ်။
2023-04-08
လားရှိုးမြို့နယ်က နားမခေါ်ရွာကို ဧပြီလ ၇ ရက်နေ့မနက်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် မိသားစုဝင်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2023-04-08
ရေဖြူမြို့နယ် ဇာဒီရွာမှာ ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက ပစ်သတ်ပြီး အလောင်းကို တပ်ဆေးရုံမှာ မိသားစုဝင်တွေက ပြန်ထုတ်ခဲ့ရတယ်လို့ ပြောပါတယ်။
2023-04-08
ဘုတလင်မြို့နယ် ဒန်းတိုင်ကျေးရွာမှာ ဧပြီလ ၅ ရက်က စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။
2023-04-07
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေက တစ်လကို ထိုင်းဘတ်ငွေ အများဆုံး ၁၃ဝဝဝ လောက်ရနေချိန်မှာ မလေးရှားရောက် မြန်မာတွေကတော့ တစ်လကို ရင်းဂစ် နှစ်ထောင်လောက်အထိ ရနေကြတဲ့အတွက် ယေဘုယျအားဖြင့် မလေးရှားကိုရောက်ရင် ပိုကောင်းတယ်လို့ ပြောကြပါတယ်။
2023-04-07
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကို ထိုင်းနိုင်ငံ အာဏာပိုင်တွေ ဖမ်းဆီးပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ နယ်ခြားစောင့်တပ် BGF ဆီကို လွှဲပြောင်းပေးလိုက်တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီ ၇ ရက်နေ့က ကြေညာလိုက်ပါတယ်။
2023-04-07
ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းထားသူ Lion Battalion အဖွဲ့၀င် PDF သုံးဦးကို နယ်ခြားစောင့်တပ်ကတစ်ဆင့် စစ်ကောင်စီလက်ထဲကို ရောက်သွားတာကြောင့် ထိုင်းအာဏာပိုင်တွေကို ထိုင်းအဖွဲ့အစည်းတွေကတစ်ဆင့် ဖိအားပေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ Lion Battalion အဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
2023-04-07
ကော့ကရိတ်မြို့ ခနိမ်းမူရပ်ကွက်ထဲက ဦးထွန်းမောင် အသက် ၅၇ နှစ်ရဲ့ တဲပေါ် ကျရောက်ပေါက်ကွဲတာမှာ ထိမှန်ဒဏ်ရာရပြီး သေဆုံးတာကြောင့် ဧပြီ ၇ ရက် မနက်မှာ အရပ်သားတွေက သင်္ဂြိုလ်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-04-07
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အင်အားတွေ ပေါင်းစည်းဖို့ မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းတာတွေ ပိုများလာပါတယ်။ တပ်ပေါင်းစုဖွဲ့စည်းကြတဲ့အတွက် အခက်အခဲတွေ အားနည်းချက် အားသာချက်တွေ ရှိလာပါတယ်။
2023-04-07
လက်နက်ကိုင်ပဋိပက္ခတွေ အမြန်အဆုံးသတ်ပြီး အားလုံးပါဝင်တဲ့၊ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုကသာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက တိုက်တွန်းနေကြပါတယ်။
2023-04-07
မကွေးမြို့က အင်ဂျင်နီယာ ကျောင်းသား ကိုလျှံဖြိုးအောင်ဟာ ဧပြီ ၇ ရက်နေ့မှာ မကွေးမြို့ ဒေါင်းနေအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
2023-04-07
ဟိုခို၊ ဟိုခဲ၊ ကုန်းကြီး၊ သံဘို၊ ရေဦး၊ လုပ်သပြေ စတဲ့ကျေးရွာတွေက ဒေသခံ နှစ်ထောင်ဝန်းကျင်ဟာ နီးစပ်ရာကျေးရွာဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေနဲ့ နောင်ချို ပြင်ဦးလွင်မြို့ ပေါ်ကို ထွက်ပြေးနေကြ ရပါတယ်။
2023-04-07
ဒေါက်တာခလမ်ဆမ်ဆွန်ကို မြစ်ကြီးနား ထောင်တွင်းတရားရုံးကနေ အမှုသုံးမှုနဲ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ပါတယ်။
2023-04-07
ကလေးမြို့မြောက်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က မြေပြင်ရော လေကြောင်းနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ ရွာပေါင်း ၁၇ ရွာက ဒေသခံ ငါးသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။