သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-05
ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရွာက လယ်သမားတွေ နဲ့ ဇေကမ္ဘာ ကုမ္ပဏီဝန်ထမ်းတွေ မနေ့က သင်္ဃန်းကျွန်းကြီး ရွာနားက လယ်မြေတွေနားမှာ နှစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့ရာမှာ ဒီနေ့ မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှာ ဇေကမ္ဘာ ကုမ္ပဏီဘက်က လယ်သမား ၂ ဦးကို အမှုဖွင့်လိုက်ပါတယ်။
2014-05-05
ပထမဆုံးအကြိမ် "ပြည်ထောင်စု တိုင်းရင်း သား မွတ်စလင်များ" ပြည်လုံးကျွတ် ညီလာခံကို လာမယ့် စက်တင်ဘာလ အတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝင်နှင်း ဆီခန်းမမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျင်းပရေးကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
2014-05-05
ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေက အရပ်သားတွေကို အပြန်အလှန် ဖမ်းဆီးမှုတွေရှိပြီး မေလ ၄ ရက်နေ့ ညနေပိုင်းမှာ အစိုးရတပ်ကဖမ်းသွားတဲ့ ဒုက္ခသည်စခန်းက အမျိုးသား ၁၄ ဦးကို ပြန်လည်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2014-05-05
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင် မှုကော်မတီနဲ့ ကေအိုင်အို ကချင် လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တွေ လာမယ့် မေလ ၁၃ ရက်နေ့ မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးပါလိမ့်မယ်။
2014-05-04
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံ သားအခွင့်အရေးကို အပြည့်အဝမပေးနိုင် တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်မှာ ဒေသ ခံတစ်ရာလောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2014-05-04
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့ နယ်က သုဝဏ္ဏဝန်ထမ်းအိမ်ယာတွေကို အိုးအိမ်ဦးစီးဌာနက အိမ်လခတွေ တိုးမြှင့်ကောက်ခံမယ့်ကိစ္စကို ဆိုင်းငံ့ဖြေရှင်းပေးဖို့ နိုင် ငံတော်သမ္မတဆီ လက်မှတ်ရေးထိုး တင်ပြသွားမယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောကြားလိုက်ပါတယ်။
2014-05-04
ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်ပေါင်း ၂၆ မြို့နယ်က လယ်ယာမြေအငြင်းပွား မှုပြဿနာတွေ ရင်ဆိုင်နေရတဲ့ လယ်သ မားတွေ တစ်ရာလောက်ဟာ မိုးရာသီစိုက်ပျိုးချိန်အမီ လယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ကူညီပေးဖို့ မအူပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟန်ဆီမှာ ဒီနေ့ အကူအညီတောင်းခံခဲ့ကြပါတယ်။
2014-05-04
အခုတစ်ပတ် စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံ အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို တားဆီးနိုင်ဖို့ အမုန်းစကား ပြောဆိုမှုတွေ ဆိတ်သုဉ်းသွားဖို့ လိုအပ်နေကြောင်း စာရေးဆရာ ဘလော့ဂါ ကိုနေဘုန်းလတ် ၊ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုဂျင်မီနဲ့ ဗေဒါသင်တန်းကျောင်း အုပ်ကြီး ကိုမျိုးရန်နောင်သိန်းတို့ရဲ့ ရှုမြင်သုံးသပ် ချက်တွေနဲ့အတူ ဦးခင်မောင်ညိန်းက စီစဉ် တင်ပြထားပါတယ်။
2014-05-04
ရှမ်းပါတီ နှစ်ပါတီပူးပေါင်းရေးနဲ့ ရှမ်း လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ပူးပေါင်းရေး ကိစ္စတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးက ဆပ်ကော်မတီတွေ ဖွဲ့စည်းပြီး ဆောင်ရွက် သွားကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2014-05-04
ရှမ်းအမျိုးသားတို့ ရဲ့ နိုင်ငံရေးပါတီကြီးနှစ် ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ နှစ်ပါတီပေါင်းစည်းရေး အတွက် ပဏာမ သဘောတူညီမှုရရှိခဲ့ကြပြီဖြစ်ကြောင်း SNDP ပါတီခေါင်းဆောင်က ထုတ်ဖော်ပြောဆိုပါတယ်။
2014-05-04
ရန်ကင်းမြို့နယ်အတွင်း မြို့နယ်သမဝါယမရုံး မြေနေရာကို ကွန်ဒိုမီနီယံ ဆောက်လုပ်မယ့်ကိစ္စဟာ ပွင့်လင်းမြင်သာမူမရှိတာကို ပြသနေပြီး အဂတိလိုက်စားမှုတွေနဲ့လည်း ပတ်သက်တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။ ဦးဖုန်းမြင့်အောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-05-04
ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းတွေနဲ့ နိုင်ငံတကာ လူမှုရေး အကူအညီပေးတဲ့ အဖွဲ့အစည်းတွေဟာ စစ်တွေမြို့နယ်က ဆင်းရဲနွမ်းပါးတဲ့ ကျေးရွာ ၃ ရွာမှာ ဖွံ့ဖြိုးရေးအကူအညီတွေပေးဖို့ စတင်စီစဉ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
2014-05-03
တရုတ်ပြည်ကို ဖေဖေါ်ဝါရီလမှာ လူကုန် ကူးသူတွေပို့လိုက်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်တောင်ဘက် ငရုပ်ကောင်းမြို့နယ်ခွဲ ဘုရားချောင်းရွာက ရွာသား ၁၅ ယောက်ဟာ မေလ ၂ ရက်နေ့ကစပြီး သူတို့အလုပ် လုပ်ရတဲ့ ကျန်းရှီးပြည်နယ် ကျီယန်းမြို့ကနေ မြန်မာနိုင်ငံ မူဆယ်မြို့ဘက်ကို ပြန်လာနေပြီလို့ စုံစမ်းသိရှိရပါတယ်။
2014-05-03
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒပြင်နိုင်ဖို့ NLD ပါတီနဲ့ ပူးပေါင်းပြီး တက်တက်ကြွကြွ လှုပ်ရှားသွားမယ်လို့ ၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောပါတယ်။
2014-05-03
သတင်းမီဒီယာဥပဒေထဲမှာ သတင်း သမားတွေအပေါ် အကာအကွယ်ပေးနိုင်တဲ့ အခွင့်အရေးတွေ အလုံအလောက်ပါရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။