ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ဝန်းသိုမြို့နယ်မှာ ဆန္ဒပြ


2014.05.04
protest-constitution-305 ၂ဝဝ၈ ဖွဲ့စည်းပုံ အမြန်ဆုံး ပြင်ဆင်ပေးရေးအတွက် နိုင်ငံရေးပါတီတွေ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ရန်ကုန်မြို့ အင်းစိန်လမ်း နဲ့ ပါရမီ လမ်းထောင့်ကနေ လှည်းတန်းအထိ ချီတက်ဆန္ဒပြစဉ်
Photo : RFA/ Myo Zaw Ko

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံသား အခွင့် အရေးကို အပြည့်အဝ မပေးနိုင်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်မှာ ဒေသခံတစ်ရာလောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အရေးကြီးတဲ့ ပုဒ်မတွေ ကို ပြင်ဆင်နိုင်ဖို့အတွက် ပုဒ်မ ၄၃၆ကို အရင် ပြင်ဆင် ဖို့ ဆန္ဒပြတောင်းဆိုတာလို့ ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဝန်းသိုမြို့ခံ ကိုဇော်ဇော်မင်းက ပြောပါတယ်။

"နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေကိုယ်တိုင်ကကို ချိုးဖောက်နေ သလို ဖြစ်နေတဲ့အတွက် ပြင်ဖို့ဆိုရင် ပုဒ်မ ၄၃၆ ကို အရင်ဦးဆုံးစပြင်မှ ကျနော်တို့က  ပြင်လို့ရမှာ၊ ပုဒ်မ ၄၃၆ ထဲမှာ ၅၉(စ)တို့လိုပုဒ်မမျိုးတွေ၊နောက် တပ်မတော်နဲ့ ပတ်သက်တဲ့ ပုဒ်မမျိုးတွေကိုသူက အကန့်အသက်တွေနဲ့ ၅၉(စ)တို့လို ပုဒ်မတွေ ကိုပြင်မယ်ဆိုရင် လွှတ်တော်ထဲမှာ လွှတ်တော်အမတ်တွေရဲ့ ၇၅ ရာခိုင်နှှုန်းကျော်ထောက်ခံမှှုရမှ သူကပြင်လို့ရမယ်၊ အဲလိုထောက်ခံမှုရခဲ့ရင်တောင်မှ ပြည်သူလူထုရဲ့ မဲပေးနိုင်တဲ့ ရာခိုင်နှှုန်းရဲ့ထက်ဝက်ကျော်ရမှဆိုတဲ့ ရာခိုင်နှုန်းတွေပါနေတဲ့အတွက် ဒါကြီးက လုံးဝမဖြစ်နိုင်ဘူးလေ၊ဒါကြောင့်မို့လို့ ကျနော်တို့က ပြင်ဖို့ဆိုရင် ပုဒ်မ ၄၃၆ ကို အရင်ဆုံးပြင်ရမှာ ဒါကြောင့်မို့လို့ ကျနော်တို့က ဆန္ဒပြတာဖြစ်ပါတယ်"

ဖဲ့ွစည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့အပြင် နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မတွေဖြစ် တဲ့ ပုဒ်မ ၅၉(စ) နဲ့ (ဃ) တို့ကိုပါ ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဝန်းသိုမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကနေ မြို့တစ်ပတ်ပတ်ပြီး တောင်းဆိုဆန္ဒပြကြ တာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။