ဝန်ထမ်းအိမ်ခန်းခ တိုးမည့်အကြံ သမ္မတထံ စာတင်မည်
2014.05.04

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်က သုဝဏ္ဏဝန်ထမ်းအိမ်ယာတွေကို အိုးအိမ်ဦးစီးဌာနက အိမ်လခတွေ တိုးမြှင့်ကာက်ခံမယ့်ကိစ္စကို ဆိုင်းငံ့ဖြေ ရှင်းပေးဖို့ နိုင်ငံတော်သမ္မတဆီ လက်မှတ်ရေးထိုး တင်ပြသွားမယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီပါတီသစ်က လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ သင်္ကန်းကျွန်းမြို့ခံတွေ ဒီနေ့ တွေ့ဆုံစဉ် ဝန်ထမ်းအိမ်ယာလခ တိုးမြှင့်ကောက်ခံမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ မြို့ခံတွေက အကူ အညီတောင်းခဲ့ကြောင်းနဲ့ သူ့အနေနဲ့ ရှေ့ဆက် လုပ်ဆောင်သွားမယ့် အခြေအနေကို လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အခုလိုပြောပါတယ်။
" သုဝဏ္ဏ ၂၄၊၂၅၊၂၉ ရပ်ကွက် လူထုရဲ့ဆန္ဒ အတိုင်း အိမ်ခန်းငှားခနှှုန်းထား အသစ်ပြင်ဆင်တောင်းခံမှှုကို သဘောမတူဘူး၊ ကန့်ကွက်တယ်ဆိုတဲ့ အချက်ရယ် အခု သူတို့လက်ရှိနေထိုင်နေတဲ့ လုပ်အားပေးပြီးတော့ပဲရတဲ့အခန်း တရားဝင် အသိအမှတ်ပြုပေးဖို့ သူတို့ဆန္ဒအတိုင်း လွှတ်တော်နဲ့ ဝန်ကြီးကို တင်ပြမယ်၊ ပါတီဥက္ကဌတွေနဲ့ နိုင်ငံတော် သမ္မတကြီးကို တင်ပြမယ်၊ အဲ့ဒီတင်ပြတဲ့ ရလာဒ်ပေါ်မှာမူတည်ပြီးတော့ သုဝဏ္ဏလူထုရဲ့ဆန္ဒအတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေက ရပ်တည်ပြီးတော့ ဆောင်ရွက်ပေးသွားမယ်"
အဲ့ဒီသုဝဏ္ဏဝန်ထမ်းအိမ်ယာတွေကို ၁၉၆၆ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၁၉၇ဝ ခုနှစ်မှာ အစိုးရ ဝန်ထမ်းတွေကို အိမ်ခန်းငှားခ ၂၇ ကျပ်နဲ့ ငှားရမ်းခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ အိုးအိမ်ဦးစီးဌာနက အစိုးရဝန်ထမ်းအိမ်ယာတွေက အခန်းခတွေကို ကျပ် လေးထောင်ကနေ ငါးထောင်အထိ တိုးမြှင့်ကောက်ခံမယ်လို့ စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။