သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-10
မကြာမီ ကျရောက်တော့မယ့် မိုးနဲ့ မုန်တိုင်းရာသီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့အတွက် အချိန်လု လုပ်ဆောင်ရန် လိုအပ်နေပြီလို့ ဗြိတိန်အောက်လွှတ်တော် အမတ် Richard Burden ရစ်ချတ် ဘာဒင် က စနေနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
2018-03-10
မနေ့က ရှာဖွေတေ့ွရှိခဲ့တဲ့ စစ်ဘေးဒုက္ခသည်စခန်းက ကချင်တိုင်းရင်းသားနှစ်ဦး အသတ်ခံရမှုကို အမှု မှန်ပေါ်ပေါက်တဲ့အထိ ကြိုးပမ်းဆောင်ရွက်သွားမယ် လို့ သေဆုံးသူတွေနဲ့ ဆွေမျိုးတော်စပ်သူ ဒေါ်ကော့အောင်က ပြောပါတယ်။
2018-03-10
ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က ကမန်တိုင်းရင်းသားအိမ်ထောင်စု ၅၅ စု ကို မစ္စတာကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း အစိုးရက ရန်ကုန်မြို့ကို ပြောင်းရွှေ့ခွင့်ပြုခဲ့ပါတယ်။
2018-03-10
ဆရာတော် ဦးဝီရသူက ဟောပြောခွင့်ပြန်လည်ရရှိတဲ့ ဒီနေ့ကစပြီး ဗမာတရားပဲ ဟောပြောတော့ မယ်လို့ မိန့်ကြားလိုက်ပါတယ်။
2018-03-10
တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်တစ်ခု ဖြေဆိုပြီးတိုင်း ဝင်ရောက်ဖြေဆိုသူဦးရေ ဟာ လျော့နည်းလာပြီး သင်္ချာဘာသာဖြေဆိုတဲ့နေ့ မနေ့ကအထိဆိုရင် စာမေးပွဲဖြေဆိုဖို့ မူလစာရင်းပေးထားတဲ့ဦးရေထက် ငါးသောင်းကျော် လျော့နည်းသွားတယ်လို့ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ဒီနေ့ ပြောပါတယ်။
2018-03-10
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြတဲ့ ကမန် ကျောင်းသူ၊ ကျောင်းသား ၁၅၀ ကို ခွဲခြားဆက်ဆံမှုမရှိအောင် နေပြည်တော် စာစစ်ဌာနက အဖွဲ့တစ်ဖွဲ့စေ လွှတ်ပြီး စောင့်ကြည့်ပေးနေတယ်လို့ ကမန်တိုင်းရင်းသား လူမှုကွန်ရက် ဥက္ကဋ္ဌ ဦးထွန်းငွေက ဒီနေ့ ပြောပါတယ်။
2018-03-10
ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အတွင်း မှတ်တမ်းဓါတ်ပုံတွေကို မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF က ပြုစုပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနထံ လစဉ်ပေးပို့ရမယ် ဆိုတဲ့ အစိုးရရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ ခဲယဉ်းတယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။
2018-03-10
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာအုပ်စု လွယ်လန်းလမ်းဆုံမှာ နွားတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တစ်စီး ဒီနေ့မနက်မှာ သေနတ်နဲ့ အပစ်ခံရတာကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2018-03-10
ကချင်ပြည်နယ် မံစီမြို့နယ် စစ်ဘေးဒုက္ခသည်စခန်းကနေ နွားကျောင်းရင်းပျောက်ဆုံးသွားတဲ့ ကချင်တိုင်းရင်းသားနှစ်ဦး အသတ်ခံရတဲ့ ကိစ္စကို အမှုမှန်ပေါ်ပေါက်တဲ့အထိ ကြိုးစားသွားမယ်လို့ မိသားစုဝင်တွေက ဒီနေ့ ပြောပါတယ်။
2018-03-10
ကရင်ပြည်နယ် ဖာပွန်ခရိုင်တောင်ပိုင်းက KNU တပ်မဟာ ၅ နယ်မြေအတွင်း တပ်မတော်က ဝင်ရောက်တပ်စွဲနေ တာဟာ NCA အပစ်ရပ်စာချုပ်နဲ့ နှစ်ဖက်သဘောတူညီချက် စာချုပ်ပါ စည်းကမ်းတွေကို ကျော်လွန်လုပ်ဆောင် ရာရောက်တယ်လို့ KNU တွဲဘက်အထွေထွေ အတွင်းရေးမှူး၂ ပဒိုစောလှထွန်းက ဒီနေ့ ပြောပါတယ်။
2018-03-09
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိကြောင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့အတွက် ထောက်ဒဏ် ၃ လ ချမှတ်ခံခဲ့ရတဲ့ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခဟာ မတ်လ ၉ ရက်နေ့မှာ ချုပ်ရက်ပြည့်တဲ့အတွက် ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
2018-03-09
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2018-03-09
အရပ်သားအစိုးရလက်ထက်မှာ ကိုလိုနီခေတ်နဲ့ စစ်အာဏာရှင်စနစ်အောက်က ဥပဒေတွေကို ဆက်အသုံးပြုပြီး သတင်းလောကကို ထိန်းချုပ်ဖို့ကြိုးစားနေသလို အာဏာပိုင်တွေနဲ့ သတင်းသမားတွေရဲ့ ဆက်ဆံရေးလည်း ပိုဝေးကွာလာပါတယ်။
2018-03-09
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်းမြို့နယ်မှာ RCSS နဲ့ တပ်မတော်တို့ ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ တိုက်ပွဲအပြီး၊ အရပ်သားတွေကို ဖမ်းလိုက်ပြီးတဲ့နောက် အခုတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ အရပ်သား ၈ ယောက်ကို ပုဒ်မမျိုးစုံနဲ့ နှစ်ရှည်ထောင်ဒဏ်တွေချလိုက်ပါတယ်။
2018-03-09
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းတမ်းစွာပြုမူမှုတွေအတွက် မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ စွဲချက်တင်နိုင်ရေး ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ဒီကနေ့ တောင်းဆိုလိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။