စစ်တပ် တရားစွဲဆိုမှု ရွာသား ရှစ်ဦး နှစ်ရှည်ထောင်ချခံရ၊ ကလေးငယ် တစ်ဦး အမှုရင်ဆိုင်နေရ
2018.03.09
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်းမြို့နယ်မှာ RCSS နဲ့ တပ်မတော်တို့ ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ တိုက်ပွဲအပြီး၊ အရပ်သားတွေကို ဖမ်းလိုက်ပြီးတဲ့နောက် အခုတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ အရပ်သား ၈ ယောက်ကို ပုဒ်မမျိုးစုံနဲ့ နှစ်ရှည်ထောင်ဒဏ်တွေချလိုက်ပါတယ်။ အဲဒီအမှုမှာ အရွယ်မရောက်သေးတဲ့ အသက် ၁၂ နှစ်အရွယ် အိုက်ဝင်း ဆိုတဲ့ ကလေးငယ် တစ်ဦးကိုလည်း တရားစွဲထားလို့ ဒီနေ့ တရားရုံးချိန်းရှိခဲ့ပါတယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ ရှေ့နေ ဒေါ်မြဝတီကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။