ရန်ကုန်မြို့ရောက် ကမန်တိုင်းရင်းသားတွေရဲ့ အခြေအနေအကြောင်း မေးမြန်းချက်
2018.03.10
ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က ကမန်တိုင်းရင်းသားအိမ်ထောင်စု ၅၅ စု ကို မစ္စတာကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း အစိုးရက ရန်ကုန်မြို့ကို ပြောင်းရွှေ့ခွင့်ပြုခဲ့ပါတယ်။ အဲဒီကိစ္စကို ပြန်လည်သုံးသပ်ပေးဖို့ဆိုပြီး ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို အခုလ ၅ ရက်နေ့မှာ လွှတ်တော်ထံ တင်သွင်းခဲ့ပါတယ်။
ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ကမန်တိုင်းရင်းသား အိမ်ထောင်စုတွေရဲ့ အခြေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တင်ပြမှုအပေါ် ကမန်တိုင်းရင်းသား လူမှုကွန်ရက် ဥက္ကဌ ဦးထွန်းငွေကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။