ဦးဝီရသူ ဟောပြောခွင့်ပြန်လည်ရရှိတဲ့ ကြိုဆိုပွဲအခမ်းအနား ကျင်းပ


2018.03.10
wirathu-622.jpg မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ကို ၂ဝ၁၈ ခုနှစ် မတ်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က မင်္ဂလာသိဒ္ဓိပရိယတ္တိစာသင်တိုက်မှာ တွေ့ရစဉ်
Photo: Htet Arkar/RFA

ဆရာတော် ဦးဝီရသူက ဟောပြောခွင့်ပြန်လည်ရရှိတဲ့ ဒီနေ့ကစပြီး ဗမာတရားပဲ ဟောပြောတော့မယ်လို့ မိန့်ကြား လိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က မင်္ဂလာသိဒ္ဓိပရိယတ္တိစာသင်တိုက်မှာ ကျင်းပတဲ့ ဦးဝီရသူ ဟောပြောခွင့် ပြန်လည်ရရှိတဲ့ ကြိုဆိုပွဲအခမ်းအနားမှာ အခုလို မိန့်ကြားခဲ့တာဖြစ်ပါတယ်။

"ဒီကနေ့ အစိုးရက ကုလားတရား ဟောလို့ဆိုပြီး အမုန်းတရားခေါင်းစဉ်တပ် တရားပွဲ ၁ နှစ် ပိတ်လိုက်ပါတယ် ။ဒီကနေ့ ပြန်ပွင့်ပါပြီ၊ ဟိုအရင်တုန်းက ဟိုးအရင်အစိုးရကို ပြောခဲ့တဲ့စကား ပြန်ပြောပါမယ်၊ ဒီကနေ့ကနေစပြီး ဗမာတရားပဲ ဟောပါ့မယ်၊ ကုလားတရား ဟောတုန်းက ဗမာအကြောင်း တစ်လုံးနှစ်လုံးပဲပါတာတောင်မှ အနာပေါ်တုတ်ကျသလိုခံရရင် ဗမာတရားကြီးပဲ သီသန့်လုံးချင်းပဲ ဟောမယ်ဆိုရင်တော့ နာဖို့သာပြင် ထားပေတော့"

အရင်ကအမျိုးသားရေးကို လူမှုကွန်ယက် ဖေ့ဘွတ်စ်ကနေ စာတွေဓာတ်ပုံတွေတင်ပြီး လှုပ်ရှားရာကနေ ဖေ့ဘွတ်စ်က အကောင့်ကို ပိတ်လိုက်တာကြောင့် တွစ်တာ ၊ youtube တို့ကနေ အမျိုးသားရေးအတွက် ဆက်လက်လှုပ်ရှားနေပြီး အခြားနည်းလမ်းတွေနဲ့ ကမ္ဘာသိအောင် လုပ်ဆောင်သွားမယ်လို့ သတင်းထောက်တွေကို မိန့်ခဲ့ပါတယ်။

အမျိုးသားရေးသမားတွေက အမှန်တရားကိုလုပ်ဆောင်နေတာလို့ စိတ်ထဲမှာမှတ်ယူထားကြဖို့လည်း တရားနာ ပရိသတ်ကို တိုက်တွန်းခဲ့ပါတယ်။

ဆရာတော်ဝီရသူကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့ကစပြီး တစ်နှစ် တရားဟောပြောခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။